ချက်တင်ဆရာကြီး

Posted on 4:19 PM by *_*Ken*_* | 0 ထင်မြင်ချက်လေးတွေပါ

MIRC စလို့ YGN chat
တိုင်အပီအပြင်ပတ်လို့ကြူလာခဲ့သည်
ငါ့အဖြစ်ကမသိရင်အားကျစရာကြီး
ဒီလိုနဲ့အကျင့်ကြီးပါလာတော့
အစက(ကြွားကြွားထွားထွား)ထွားထွားလှလှမှအားရပါဘိနဲ့
မရှိသုံးတွေလဲများလာပြီ
chat နေအီနေရရင်ပြီးရော
ဘာဖြစ်ဖြစ်ငါအကုန်လုပ်ပါသည်
အရှက်ရှိဖို့လဲမမှတ်မိတော့တာကြာပါပြီ
တွဲလာတာများလာတော့ အထာကလဲနပ်နေပြီ
ဒါမျိုးတွေရိုးနေပေမယ့်
မမြင်ဖူးယောင်အိုက်တင်လုပ်ရပါသည်
ရရင်တော့ ဘ၀င်လေဟပ် လှည့်ပတ်လို့ငါကြွားပါသည်
မရပြန်တော့ဟန်ကိုယ့်ဖို့ ငါမစားချင်လို့လျှောလိုက်တယ်ပေါ့
တကယ်တော့အသစ်တွေ့ရင်
ရုပ်မချောတောင်ငါ့ရင်ကခုန်ပါသည်
ရုပ်ချောရင်အချစ်အမည်ခံအဟောင်းဆိုလဲငါသုံးပါသည်
ကောင်မလေး(ကောင်လေး)တွေကြားမှာတော့ငါကမုန်းစရာကြီး
အကြောင်းမသိရင်တော့လဲသူတို့တွေငါ့ကိုချစ်ပါ၏
ဒီလိုနဲ့websiteတွေပေါ်လာတိုင်း
sign up လုပ်ခါအသစ်ရှာသည်
တဖြေးဖြေးနဲ့လူကလည်းကျလာပြီ
အလိုက်ကန်းဆိုးမသိတစ်ချို့တွေက
ငါ့ကိုဇာတ်လမ်းဆက်ပါသည်
လုံးဝကိုစိတ်မပါပေမယ့်
စားထားတော့ငါအားနာသည်
ဝန်ခံချင်တာတစ်ခုကအချစ်ကို
အခုထိငါမသိပါအမိ(ငတိ)။
(လွန်တာရှိဝန္တာမိ မရည်ရွယ်ပဲတိုက်ဆိုင်သွားပါက ကိုယ်အပြစ်နဲ့ကိုယ်မို့ အပြစ်မမြင်စေလိုပါ။)
ယောင်္ကျားတွေမိန်းမတွေ ပြောပြီးရန်မဖြစ်ချင်ပါ အကျင့်ပါနေသူတွေအားလုံးကိုဆိုလိုပါသည်။
သူများဟာကိုကူထားတာ ကြိုက်လို့ပါ