တောင်းတချက်
ထိုင်နေရင်း ခလုတ်တိုက်နေတဲ့ ငါ
မင်းအတွက်ဆို
မာရသွန်ပြေးပွဲတောင် ဝင်ခဲ့တာပါ
ဒါတောင်မှ ( သက်ရောက်မှုှုှုရှိခဲ့ပေမယ့်)
မိုးလင်းက မိုးချုပ်တိုင်း
ရာသီဥတုက မသာယာခဲ့ဘူး။
ပျိုးမထောင်ဘဲ
ပေါက်ဖွားခဲ့တဲ့ကောက်ပင်တွေ
တန်ပြန်သက်ရောက်မှုက
ပိုးစိုးပက်စက်နဲ့မသတီစရာ
ချစ်ရသူရေ............
မင်းနဲ့ပတ်သက်လာရင်
ငါဟာ ရွက်ဆုတ်ပြက္ခဒိန်ကိုပဲ
မြတ်နိုးတွယ်တာမိတယ်
< တောင်တမိတယ်>
နှစ်တစ်ရာပြက္ခဒိန်ကြီးကို



