နူနာစွဲးသော ဘဝပဲ့တင်သံ

Posted on 4:58 PM by *_*Ken*_* | 0 ထင်မြင်ချက်လေးတွေပါ

ကျုပ်တို့ရဲ့ခေတ်မှာ
အမှန်တရားအတွက်
ယုံကြည်မှုတွေ
လှောင်အိမ်မှာသွင်း
သစ္စာတရားကို မှန်ဘောင်ခတ်
မုန်းတီးမှုတွေ
ပျိုးပင်ထောင်ကာ
အညှိုးအတေးအတွက်
အသက်ပေါင်းများစွားကို
စတေးခိုင်းကြတယ်...
မေတ္တာမဲ့နေတဲ့ခေတ်မှာ
ကျုပ်လူဖြစ်လာတယ်
သံသရာရဲ့အစွန်းတစ်ဖက်မှာ
ဘဝတစ်ခုကောင်းစားဖို့
သန္ဓေများစွာ ချုပ်ငြိမ်းရတယ်
ရင်နာလိုက်တာ...
ဒီကမ္ဘာမြေကို
ဘာကြောင့်များ
အကြင်နာတွေ
မပက်ဖျန်းပေးတာလဲ
???

အထက်တန်းကျတဲ့ရေ

Posted on 4:40 PM by *_*Ken*_* | 0 ထင်မြင်ချက်လေးတွေပါ

အနုပညာ ‘နွေဦး’ ပေါက်ရာသီကို မညာချင်ဘူး။
လှိုင်းပုတ်ခံ ကျောက်ဆောင်ကို မညာချင်ဘူး။
အဆုတ်ရဲ့အလုပ်ကို မညာချင်ဘူး။
သစ်သီးတလုံး သီးတိုင်း သင်တို့အတွက် ဖြစ်တယ်။
ပန်းတပွင့် ပွင့်တိုင်း သင်တို့အတွက် ဖြစ်တယ်။

မောင်ချောနွယ်
အေဒီ ၁၉၈၈
မတ်လ ၁၃ ရက်
သီရိခေတ္တရာမြို့

အချစ်ရေ ...
ညစ်ညမ်းတဲ့ လမ်းမများနဲ့
ငါ့ရဲ့ ကျန်းမာရေးအတွက်
လက်ဖက်ရည်တခွက်သာ
သစ္စာရှိပါစေတော့
ဆာဟာရကို
အာဟာရလို့ ထင်တယ်။

(၁)

အဲဒီလိုနဲ့
မပျော်ရွှင်တဲ့ ကော်ဖီတခွက်အတွက်
လက်ဆောင်တွေ ပေးခဲ့ပြီ။

အဲဒီလိုနဲ့
အချစ်ရေး အဆင်မပြေတဲ့
အခန်းထဲက ကြေးမီးခြစ်ကြီးအတွက်လည်း
သစ်သီးအချိုတွေ ယူဆောင်လာခဲ့ပြီ။

အဲဒီလိုနဲ့
ရူးသွပ်နေတဲ့ နွေဦးအတွက်လည်း
အိပ်မက်လှလှတစုံ
လုံခြုံစွာ ပေးပို့ပြီးပြီ။

အဲဒီလိုနဲ့
ခရီးထွက်သွားတဲ့
စီးကရက်များနဲ့လည်း
စာအမြန် ဆက်သွယ်ခဲ့ပြီ။

အဲဒီလိုနဲ့
လေက ခြွေချသွားတဲ့
သေချာမှုတွေအတွက်
သီချင်းလက်ဆောင်ပို့ခဲ့ပြီ။

အဲဒီလိုနဲ့
နှင်းမရှိတဲ့ ဆောင်းအတွက်လည်း
ကောင်းကင်တခုပေးခဲ့ပြီ။

အဲဒီလိုနဲ့
ဘ၀အတွက်
ဇလဗေဒအချက်အလက်တွေလည်း
ဆက်လက်စုဆောင်းခဲ့ပြီ။

မေမေရေ ...
မြစ်တွေကို ကျနော်စီးခဲ့ပေါ့။

(၂)

အသက်အပိုင်းအခြားတွေလည်း
နက်ရှိုင်းသွားခဲ့ပြီ။

အပူ အအေး လေ မိုး
အခိုးအငွေ့ အရွေ့
အတွေ့အကြုံ အမှုန်အမွှား
အားလုံးကို စားသုံးခဲ့ဖူး
ရူးသွပ်စွာ ခူးဆွတ်ခဲ့ဖူး
နူးညွတ်စွာလည်း စွန့်လွှတ်ခဲ့ဖူးပြီ။

ရန်အထွေထွေကြောင့်
ဌာန်ကြွေခဲ့ပြီ။

ရန်အပေါင်းပေါင်းကြောင့်
ဉာဏ်ပိုကောင်းခဲ့ပြီ။

ဘေးဥပါဒ်အထွေထွေကြောင့်
အသက်ဓာတ်လည်း
ပိုလတ်ဆတ်ခဲ့ပြီ။

လူဆိုတာ ဓာတ်လိုအပ်တာပဲ
အရှုံးအမြတ်
အမုန်းနဲ့ မေတ္တာဓာတ်
အဖိုဓာတ် အမဓာတ်
လူတွေမှာ
ပင်ကိုအရပင် လိုအပ်ခဲ့တာမဟုတ်လား
ကျောက ဒဏ်ရာကို
လောကတံထွာလို့မှတ်
စာတအုပ်လို
အသာထုတ်ဖတ်သွားရုံပါလေ။

အဲဒီလိုနဲ့
ရေချိုးချင်တဲ့ မိုးရတုအတွက်
ရုပ်ရှင်လက်မှတ်တစောင်ပးခဲ့ပြီ။

အဲဒီလိုနဲ့
ကော်ဖီသောက်တတ်တဲ့
ကြောက်ရွံ့မှုများအတွက်လည်း
ဘရန်ဒီတခွက်ဝယ်ခဲ့ပြီ။

အဲဒီလိုနဲ့
ချစ်သူရဲ့အနမ်းတွေဖို့
လမ်းဖောက်ပေးခဲ့ပြီ။

အဲဒီလိုနဲ့
ဒဏ်ရာရခဲ့တဲ့
ကန္တာရနှစ်များနဲ့လည်း
သစ္စာထားခဲ့ပြီ။

အဲဒီလိုနဲ့
အမှန်တရားကိုလည်း
ထမင်းစားဖိတ်ခဲ့ပြီ။

အဲဒီလိုနဲ့
နေကြာပွင့်တွေကိုလည်း
နေသာခွင့်ပေးလိုက်ပြီ။

အဲဒီလိုနဲ့
အဆုတ်နဲ့ မိတ်ဖွဲ့ခဲ့တဲ့
အိပ်မက်တွေကိုလည်း
ဘိလပ်ရည် တိုက်ခဲ့ပြီ။

အဲဒီလိုနဲ့
လူ့နယ်ပယ်ရဲ့
အနည်အနှစ်များအတွက်လည်း
အထည်အသစ်အဆန်းတွေ
လက်ကမ်းခဲ့ပြီ။

အဲဒီလိုနဲ့
လွတ်လပ်ရေးကဗျာအတွက်
မြေတကွက် ထွန်ယက်ပြီးခဲ့ပြီ။

ရန်သူမဲ့ဘ၀မှာလည်း
ငါ ကျနော် မပျော်တော့ပါ
ချစ်သူမဲ့ဘ၀မှာလည်း
ငါ ကျနော် မနေတတ်တော့ပါ
ပိုလျှံသောရေ
ပရိုတိန်းအစအန အလေအလွင့်
စံလွန်ဖိအားအဆင့်ဆင့်ဖြင့်
ငါ့အသက်ရှုပွင့်များ
ကောင်းမွန်ခိုင်ခံ့စွာပင်
ရင်မောခဲ့ပြီ။

အဲဒီလိုနဲ့
လူ့ဘ၀ကို ‘ယုဇနပင်’ လေးမှာ အသာချိတ်
‘ဒူးယား’ တလိပ်နဲ့လည်း
အိပ်ပျော်တတ်ခဲ့ပြီ။

အဲဒီလိုနဲ့
ဘ၀ရဲ့ဝန်ဆောင်အား
လောကကြီးကို
ဥယျာဉ်အသွင် တင်ဆောင်သွားနိုင်ပြီ။

အဲဒီလိုနဲ့
အလိုမပြည့်မှုကို
ငါ အလိုရှိခဲ့ပြီ။

အဲဒီလိုနဲ့
နာကျင်မှုတွေလည်း အရသာဖြစ်ခဲ့ပေါ့။

အချစ်ရေ ...
ကန်ရေထဲကို ကိုင်းနေတဲ့
ကံ့ကော်ကိုင်းတကိုင်းလို နေတတ်ခဲ့ပြီ။

အဲဒီလိုနဲ့
‘ချိုပေါ့ကျ’ လက်ဖက်ရည်တခွက်လို
အသက်ရှင်တတ်ခဲ့ပြီ။

အဲဒီလိုနဲ့
ဘ၀ရဲ့ဒဏ်ခံအား
ဂုဏ်သတ္တိတွေ မြင့်မားခဲ့ပြီ။

အဲဒီလိုနဲ့
စံပယ်တပွင့်လို
တကယ်ပွင့်မယ်ဆိုရင်
တင့်တယ်စွာ ပွင့်နိုင်ခဲ့ပြီ။

အဲဒီလိုနဲ့
အရသာချဉ်စူးစူး
ဆူးဖက်သော်လည်း ခူးရက်စရာမမြင်တဲ့
ဆူးပင်တပင်လို
ယဉ်ကျေးစွာ ငါနေတတ်ခဲ့ပြီ။

အို ...
ငါအိပ်ခဲ့သော အိပ်မက်တို့
ငါရိပ်ခဲ့သော အရိပ်တို့
ငါမျှားခဲ့သော ငါးကို ငါ စားခဲ့ရချေပြီ။

အဲဒီလိုနဲ့
ကြုံသမျှ ဖုန်မထတော့ပါ
ဘ၀ကို အရသာတစိမ့်စိမ့်
ပင်လယ်စင်ရော်တွေလို
ပျော်ရွှင်စွာ ပျံဝဲနိုင်ခဲ့ပြီ။

အဲဒီလိုနဲ့
အသက်သုံးဆယ့်တစ်ဆိုတဲ့ ခွက်တစ်ခုမှာ
လူ့နယ်ပယ်ရဲ့ ထုထည်တွေ
‘ကယ်လိုရီ’ တွေ ဖြစ်ခဲ့ပြီ။

ရေထု မြေထု လေထုနဲ့ သေမှုတွေကြား
မယားတရားနဲ့ ဆားခတ်လို့ စားတော့
နေမှုက
ပါးလှပ် ထူထပ် လှပလှချည်ရဲ့
ငါတပ်မက်ခဲ့ချေပြီ။

အချစ်ရေ ...
လူတွေက
‘တူ’ တံဆိပ်ထောပတ်ကိုလည်း
ကိုးကွယ်ကြတယ်။

ဘ၀လမ်းခရီးဟာ
ဝမ်းမီးနဲ့ ပြီးရမှာလား
ငှက်ဆိတ်တဲ့ သစ်စည်းတစည်းမှာတောင်
အဓိပ္ပာယ်တွေ သိပ်သည်းခဲ့ပါတယ်။

အဲဒီလိုနဲ့
နေညိုချိန် ‘ဘား’ ကလေးမှာ
ဘ၀ကို ခပ်ပါးပါးလှီးရင်း
ကမ္ဘာလောကကြီးကိုလည်း
အရက်နဲ့ မြည်းတတ်ခဲ့ပြီ။

အဲဒီလိုနဲ့
အချိုရှာ တမာတွေ့သော်လည်း
‘ပိုကာ’ မပါဘဲ ဒေါင်းတတ်ခဲ့ပြီ။

အဲဒီလိုနဲ့
အငိုအရယ် ဇာတ်တွေကြား
ချို ချဉ် ငန် စပ်
အရသာဓာတ်တွေကြား
ဘ၀ကို အမြတ်တနိုး ထမ်းပိုးခဲ့ပြီ။

အဲဒီလိုနဲ့
အဲလ်ဘတ်ကမူးနဲ့ ခြူးဆေးလိပ်ကို ဖွာရင်း
ဆိုးရွားတဲ့ ရာသီဥတုကိုလည်း
ကဗျာနဲ့ ပြုပြင်တတ်ခဲ့ပြီ။

အဲဒီလိုနဲ့
အထူးထူး အပြားပြားသော ဆူးကြားမှ
လူလားမြောက်ရန် သိခဲ့ပြီ။

အဲဒီလိုနဲ့
နေ့များရဲ့ အစိုအခြောက်
ရွှေသွားနဲ့ နွေပိတောက်ကို
အပျိုပေါက်လို ငြိခဲ့ပြီ။

အဲဒီလိုနဲ့
ဟောဒီ အိုဇုန်းဓာတ်အလွှာထဲမှာ
ကျနော်ကြိုက်တဲ့ ရွှေမင်းသမီးကလည်း
ဟိုတုန်းကလိုပါပဲ
အနုပညာစံပယ်ပြုံးတွေနဲ့။

သူငယ်ချင်းရေ ...
ကိုယ့်လူတို့ရေ ...
ကမ္ဘာကြီးရေ ...
လက်ဖက်ရည်တခွက်မျှပင်
တည်ခင်းဧည့်မခံနိုင်သော
အမှန်တရားထံ လာလည်ပါ။
မောင်ချေုာနွယ်

--

ချက်တင်ဆရာကြီး

Posted on 4:19 PM by *_*Ken*_* | 0 ထင်မြင်ချက်လေးတွေပါ

MIRC စလို့ YGN chat
တိုင်အပီအပြင်ပတ်လို့ကြူလာခဲ့သည်
ငါ့အဖြစ်ကမသိရင်အားကျစရာကြီး
ဒီလိုနဲ့အကျင့်ကြီးပါလာတော့
အစက(ကြွားကြွားထွားထွား)ထွားထွားလှလှမှအားရပါဘိနဲ့
မရှိသုံးတွေလဲများလာပြီ
chat နေအီနေရရင်ပြီးရော
ဘာဖြစ်ဖြစ်ငါအကုန်လုပ်ပါသည်
အရှက်ရှိဖို့လဲမမှတ်မိတော့တာကြာပါပြီ
တွဲလာတာများလာတော့ အထာကလဲနပ်နေပြီ
ဒါမျိုးတွေရိုးနေပေမယ့်
မမြင်ဖူးယောင်အိုက်တင်လုပ်ရပါသည်
ရရင်တော့ ဘ၀င်လေဟပ် လှည့်ပတ်လို့ငါကြွားပါသည်
မရပြန်တော့ဟန်ကိုယ့်ဖို့ ငါမစားချင်လို့လျှောလိုက်တယ်ပေါ့
တကယ်တော့အသစ်တွေ့ရင်
ရုပ်မချောတောင်ငါ့ရင်ကခုန်ပါသည်
ရုပ်ချောရင်အချစ်အမည်ခံအဟောင်းဆိုလဲငါသုံးပါသည်
ကောင်မလေး(ကောင်လေး)တွေကြားမှာတော့ငါကမုန်းစရာကြီး
အကြောင်းမသိရင်တော့လဲသူတို့တွေငါ့ကိုချစ်ပါ၏
ဒီလိုနဲ့websiteတွေပေါ်လာတိုင်း
sign up လုပ်ခါအသစ်ရှာသည်
တဖြေးဖြေးနဲ့လူကလည်းကျလာပြီ
အလိုက်ကန်းဆိုးမသိတစ်ချို့တွေက
ငါ့ကိုဇာတ်လမ်းဆက်ပါသည်
လုံးဝကိုစိတ်မပါပေမယ့်
စားထားတော့ငါအားနာသည်
ဝန်ခံချင်တာတစ်ခုကအချစ်ကို
အခုထိငါမသိပါအမိ(ငတိ)။
(လွန်တာရှိဝန္တာမိ မရည်ရွယ်ပဲတိုက်ဆိုင်သွားပါက ကိုယ်အပြစ်နဲ့ကိုယ်မို့ အပြစ်မမြင်စေလိုပါ။)
ယောင်္ကျားတွေမိန်းမတွေ ပြောပြီးရန်မဖြစ်ချင်ပါ အကျင့်ပါနေသူတွေအားလုံးကိုဆိုလိုပါသည်။
သူများဟာကိုကူထားတာ ကြိုက်လို့ပါ

ဂျစ်ပစီ

Posted on 5:23 PM by *_*Ken*_* | 0 ထင်မြင်ချက်လေးတွေပါ



-- ကိုယ့်လက်ခုပ်ထဲပြန်ကြည့်မိတော့မှ
အလွမ်းက တစ်ပွင့် နှစ်ပွင့်....နဲ့ခြောက်ကပ်
ငါ...ရေငတ်လာတယ်။
တေလေလို ရွက်လွှင့်နေခဲ့ရာက
ငါ့ဝိဥာဉ်ရဲ့ကျောက်ဆူးကိုချ
ဒီညတော့
မင်းရင်ခွင်ထဲမှာပဲ စိတ်ချလက်ချ
.......အိပ်စက်ပါရစေ။
ကောင်မလေးရယ်
ငါက ဖျားနာမှုကိုမှ တွယ်တာတတ်သူပါ....။
တစ်စုံတစ်ခုဖြစ်လာမှာကို ငါစောင့်မျှော်နေမိ၊
......တံခါးဖွင့်သံ
........ခြေသံ
လာ၊ မြန်မြန်သာ ဝင်ခဲ့ပါတော့။
လူ ၈ဝ% ကအလုပ်လုပ်တယ်၊
ဒါပေမယ့်၊ ကျန်တဲ့လူ၂ဝ%က ဆုရတယ်
ငါကတော့
သူတို့ကို ရယ်ရယ်မောမောနဲ့သာ ထိုင်ကြည့်မိ
သွေးအေးအေး ရက်စွဲတွေကိုသာ အသိအကျွမ်းဖွဲ့နေခဲ့တယ်…။
ကောင်မလေးရယ် ...
ငါဟာ “တေလေ” ပါ။
ဆောင်းဦးပေါက်နှင်းတွေနဲ့
ကောင်းကင်မှာ တိမ်တွေက အပြာနုနု
ဟော......
အရပ်ပုပု ကောင်မလေးတစ်ယောက် လမ်းလျှောက်လာနေတယ်၊
အို....... မဟုတ်သေးပါဘူး
ကယောင်ကတမ်းနဲ့ အရောင်ကန်းတဲ့ အိပ်မက်တွေ ငါမက်နေမိ၊
ချစ်လှစွာသော...... ငါရဲ့ညီမသေးသေးလေးရေ
........လွမ်းတယ်၊
........ ဒါပဲ တတ်နိုင်တာမို့ လွမ်းပါရစေ။
မင်းခိုက်စိုးစံ
(ညီမအတွက်အရမ်းကြိုက်လို့ပါ)

*0* လိုက်ဖက်တဲ့ဘ၀ *_*

Posted on 2:46 PM by *_*Ken*_* | 0 ထင်မြင်ချက်လေးတွေပါ

♪ ♫ လိုက်ဖက်တဲ့ဘဝ..........♫ ♪
တေးဆို=Rဇာနည်&၀ိုင်းဆုခိုင်သိန်း


*_*


♪ ♫ လိုက်ဖက်တဲ့ဘဝ..........♫ ♪
♪ ♫ (ကျား)အကောင်းဆုံး မင်းကိုပေးမယ်အချစ်လေး ယူမလား
အကြင်နာခမ်းခမ်းနားနား ကိုယ့်ရဲ့ရင်မှာ
ဘာမှနှိုင်းယှဉ်လို့မရသလို
တကယ်မပြောင်းနိုင်တဲ့သစ္စာ
ချစ်သူမင်းအတွက်အမြဲတမ်းရှင်သန်
အိုးဟိုးးးးးးးးး
(မ) ဒီတစ်ယောက်ဆို တစ်ယောက်သာပုံချစ်မှာပါ
အပြန်အလှန် တို့ရဲ့အချစ်ကအေးမြစေမှာ
တစ်သက်လုံးပဲကွယ် ကိုယ့်ရဲ့အနားနားဝယ်
တကယ်မဟောင်းနိုင်တဲ့အချစ်ပါ
ဒါကြောင့် တို့ကိုစိတ်ချထားး
(ကျား) ရှင်သန်ချိန်
(မ) မင်းကိုပဲ
(ကျား) ဘယ်သူနဲ့မှ
(မ) တို့ဘယ်သူမှ
(ကျား) လာကာမယှဉ်ပြိုင်နိုင်အောင် ပိုချစ်မှာ ရည်ရွယ်ရာ
(မ) လှမ်းမျှော်ရင်း
(ကျား) ဘယ်လောက်အရှုံးနဲ့ တို့တွေ့လိုက်
(မ+ကျား) ဒီအချစ်ကိုအမြဲတမ်း
တန်ဖိုးထားချစ်နေမှာ
ဒီလိုလိုက်ဖက်တဲ့ဘဝ
ပျော်စရာလောကကြီးက
တကယ်ပါ ကြင်နာသူလေးရှိနေမှ
(မ) ယုံထားမယ်အချစ်လေး
(ကျား) မင်းလေးနဲ့အတူတူပါ
(ကျား+မ)အရာရာအားပေးခံစားအချစ်လေးအနား
အိုးဟိုးးး လိုက်ဖက်တဲ့ဘဝ
ပျော်စရာလောကကြီးက
တကယ်ပါကြင်နာသူလေးရှိနေမှ
(မ) အပြန်အလှန်နားလည်နေရင်း
(ကျား) ဂရုစိုက်ပြီးချစ်သွားမယ်
(ကျား+မ) ဒီလိုမင်းနဲ့ကိုယ်နဲ့ချစ်နေမှာ
(မ) တစ်ယောက်ဆိုတစ်ယောက်သာပုံချစ်မှာပါ
(ကျား) ဟေးးးးအေးးးး
(မ) အပြန်အလှန်တို့ရဲ့အချစ်ကအေးမြစေမှာ
တသက်လုံးပဲကွယ်
(ကျား+မ)အနားနားဝယ်
တကယ်မဟောင်းနိုင်တဲ့အချစ်ပါ
(မ) ဒါကြောင့်တို့ကိုစိတ်ချထားး
(ကျား) ရှင်သန်ချိန်
(မ) မင်းကိုပဲ
(ကျား) ဘယ်သူ့ကိုမှ
(မ) တို့ဘယ်သူမှ
(ကျား) လာကာမယှဉ်ပြိုင်နိုင်အောင်ပိုချစ်မှာရည်ရွယ်ရာ
(မ) မှန်းမျှော်ရင်း
(ကျား) ဘယ်လောက်အရှုံးနဲ့တို့တွေ့လိုက်
(ကျား+မ)ဒီအချစ်ကိုအမြဲတမ်းတန်ဖိုးထားချစ်နေမှာ
ဒီလိုလိုက်ဖက်တဲ့ဘဝ ပျော်စရာလောကကြီးက တကယ်ပါ
ကြင်နာသူလေးရှိနေမှ
(မ) ယုံထားမယ်အချစ်လေး
(ကျား) မင်းလေးနဲ့အတူတူပါ
(ကျား+မ)အရာရာအားပေးခံစားအချစ်လေးအနားးးးးးး
(ကျား) အိုးဟိုးးးးးးးးးးးးး
((ကျား+မ===ဒီလိုလိုက်ဖက်တဲ့ဘဝ ပျော်စရာလောကကြီးက တကယ်ပါ
ကြင်နာသူလေးရှိနေမှ
(မ)အပြန်အလှန်နားလည်နေရင်း
(ကျား)ဂရုစိုက်ပြီးချစ်သွားမယ်
(ကျား+မ)ဒီလိုမင်းနဲ့ကိုယ်နဲ့သိပ်ချစ်သွားးးးးးးးး))၂
ဒီလိုမင်းနဲ့ကိုယ်နဲ့ ချစ်မှာ
(ကျား) အိုးဟိုးဟိုး
(မ) ဟိုးအို့ဟိုးအို့
နာနာနာနားနာ နာနာနားနာနာ
ဟိုးဟိုး
နာနာနာနားနာ နာနာနာနားနာ
နာနာနားနာနား နာနာနားနာနာ
ဟိုးဟိုး ၇ားဟား
နာနာနာနားနာ နာနာနာနားနာ.............. .♫ ♪