ပျက်ပျယ်သွားသော မျှော်လင့်ခြင်းတိမ်တိုက်

Posted on 5:34 PM by *_*Ken*_* | 0 ထင်မြင်ချက်လေးတွေပါ

ယုံကြည်ခဲ့သော
မျှော်လင့်ခြင်းကောင်းကင်
သံသယမိုးတွေ
မျက်ရည်မဲ့သော နလုံးသာ
နာကျင်မှုတွေ ရောလျက်
ရေမစိုတဲ့အဝတ်
နေလှန်းမိတာငါ့အမှားလာ..
သဝန်တိုမိတဲ့ ငါ့အချစ်က
အတ္တလို့မင်းထင်ခဲ့တာလာ...
အသွင်မတူတဲ့ ငါဒို့အချစ်အတွက်
ကံကြမ္မာကိုပြစ်ပုံချမှာလာ...
အဖြေမဲ့တဲ့ ငါ့အဖြစ်ကို
ဟား တိုက်နေတာ သူဒို့အမှားလာ...
ရှောက်လွှဲချက်မရှိဘူး မိန်းကလေ
နာကျင်မှုသစ်ပင်
ပျိုးမထောင်ပဲ အမြစ်တွယ်နေပြီး
အားလုံးဟာ ငါ့အပြစ်တွေပါ
ဒါပေမယ့် မိန်းကလေရယ်
ကျေးဇူးပြုပြီး လှောင်ပြီး မပြုံးလိုက်ပါနဲ့ကွာ
ခံစားတတ်တဲ့ ငါ့နလုံးသားက
အရမ်းကိုနာကျင်လွန်းလို့ပါ...
အိပ့်မရလို့လျောက်ရေးထားတာ

လွဲမှားခြင်း

Posted on 4:39 PM by *_*Ken*_* | 0 ထင်မြင်ချက်လေးတွေပါ

ငါ...ငါမွေးရာ
ဇာတိမွေးရပ်ဝယ်
ရပ်တည်မှုကို ငြင်းပယ်
တစ်ရပ် တစ်ဝေးမှာ
ဘဝပုံရိပ်ကို
နာကျည်စွာ ထုဆစ်
ရှင်သန်မှုအတွက်
မျက်ရည်တွေ ပွေ့ဖက်
မပြည့်စုံခြင်း...
ဆာလောင်ခြင်း...
မုန်းတီးခြင်း...
လူမဆန်ခြင်း...
စတဲ့ ဘဝသင်ခန်းစာများကို
နေ့စဉ်ကျော်ဖြတ်နေ...
တစ်ခါခါငါတွေးမိပါရဲ့
လူဖြစ်လာတာ မှားပြီလာလို့....

2009 ဆောင်းရာသီ

Posted on 5:03 PM by *_*Ken*_* | 0 ထင်မြင်ချက်လေးတွေပါ

ဆောင်း.....
နှင်းဝေရင့်ရင့်
မြူတွေ ဝန်းရံ
ဖြေမဆည်နိုင်တဲ့
ဝေဒနာရှိုက်သံမှာဖြင့်
အိမ်ဝေးသူတစ်ယောက်အတွက်
အလွမ်းတွေခက်ထန်နေပြီ...
ဆောင်း....
တစ်နှစ်ပြီတစ်နှစ်ပြောင်းတယ်
ငါ့မှာဖြင့် တည်နေရာသာပြောင်းတယ်
ဒုက္ခဆိုတာဖြင့်
ကျောက်ချထားတာထက်
ပိုပြီခိုင်ခံတယ်ကွာ..
ဆောင်း....
မင်းသာငါ့ကိုနှစ်သိမ့်တတ်မယ်ဆိုရင်
မင်းရဲ့အအေးနဲ့
ငါ့ဘဝတစ်စိတ်ဖြစ်ဖြစ်ပေါ့
ခဏတာဖြစ်ဖြစ်
အေးချမ်းမှုပေးပါနော်....

ပြန်လည်တွေးတောသင့်သောရိုးရှင်းသောစကားလုံးများ

Posted on 4:43 PM by *_*Ken*_* | 1 ထင်မြင်ချက်လေးတွေပါ

ပြန်လည်တွေးတောသင့်သောရိုးရှင်းသောစကားလုံးများ

၁။ ဆုံးရှုံးသွားတဲ့အချိန်မှ မိမိပိုင်ဆိုင်ခဲ့တာကို သိတယ်။

၂။ မှတ်သားသင့်တာကိုမှတ်သားပြီး မေ့သင့်တာကိုမေ့ရမယ်။ ပြောင်းလဲနိုင်တာကို ပြောင်းလဲပြီး မပြောင်းလဲနိုင်တာကို သင်လက်ခံနိုင်ရမယ်။

၃။ မျက်ရည်စက်တွေဟာ ၀မ်းနည်းမှုကို မှတ်မှတ်ရရဖြစ်စေတယ်။

၎။ သူ့အတွက်နဲ့မျက်ရည်မကျသင့်ဘူး။ သူသင့်ကိုချစ်တာမှန်ရင် သူ့အတွက်နဲ့မျက်ရည်ကျတော့မယ်ဆိုရင် သူကသင့်ရဲ့ မျက်ရည်ကို ကျခွင့်ပေးမှာမဟုတ်ဘူး။

၅။ ကြည်နူးနေတဲ့ ချစ်သူတွေရဲ့ နှုတ်ခမ်းလေးဟာ နွေးထွေးတဲ့ အနမ်းတွေအတွက်ဖြစ်တယ်။
ရန်ဖြစ်တဲ့ ချစ်သူတွေရဲ့ နှုတ်ခမ်းကနေ ထွက်လာတာကတော့ တယောက်ကို တယောက်နာကျင်စေတဲ့ စကားတွေပါပဲ။

၆။ ပျော်ရွှင်မှုဆိုတာ တစ်ခုခုပျောက်သွားလို့ လိုက်ရှာနေသလိုပဲ ဘယ်လိုရှာရှာမတွေ့ဘူး။ ဒါပေမဲ့ မေ့သွားတဲ့အချိန်မှာု ပြန်တွေ့သလိုပေါ့။ ပျော်ရွှင်မှုဟာသင့်နံဘေးမှာပါ။

၇။ မျက်ရည်စက်ရဲ့ အပူချိန်ဟာ ၅၃၀℃ ဖြစ်တယ်။ အပြင်လောကရဲ့အေးစက်မှုကြောင့် မျက်ရည်စက်ကျချိန်မှာ ၅၃℃ သာကျန်တော့တယ်။

၈။ ချစ်ခြင်းနဲ့ အလိုလိုက်ခြင်းဟာ မတူပါဘူး။ အလိုလိုက်ရင် ဘာမှမပြောလဲရတယ်။ ဒါပေမဲ့ အချစ်မှာ အဲလိုလုပ်လို့မရဘူး။

၉။ လူ့ဘ၀မှာ ပညာရေး၊ စီးပွားရေး၊ အချစ်ရေး၊ အိမ်ထောင်ရေးဆိုပြီး စာမေးပွဲကြီးလေးခုမှာ ပျမ်းမျှအောင်မှသာ အောင်မြင်မှာပါ။ တစ်ခုထဲမှာ အာရုံစူးစိုက်နေလို့လဲ ဒီလူ့ဘ၀ မှာ အောင်မြင်မှာမဟုတ်ပါဘူး။

၁၀။ ငါးလေးကပြောတယ် သင်ငါ့ရဲ့မျက်ဝန်းထဲက မျက်ရည်တွေကို တွေရမှာမဟုတ်ဘူး။ ငါးလေးက ရေထဲမှာနေလို့ပါ။
ရေကပြောတယ် ငါးရဲ့မျက်ရည်ကို ရေကခံစားရတယ်တဲ့ ငါးလေးကရေရဲ့ ရင်ထဲမှာရှိလို့တဲ့။

၁၁။ လူ့ဘ၀ဆိုတာ လှပတဲ့ ပန်းလေးအသွင်နဲ့ သင့်ဘေးမှာရှိတဲ့သူတွေကို မွေးရနံ့နဲ့ သင်းစေရမယ်။

၁၂။ တစ်မိနစ်အတွင်းမှာ လူတစ်ယောက်ကို သိနိုင်တယ်။ တစ်နာရီအတွင်း လူတစ်ယောက်ကို နှစ်သက်နိုင်တယ်။ တစ်ရက်အတွင်းမှာ သင်သူ့ကို ချစ်နိုင်တယ်။
ဒါပေမဲ့ တသက်လုံးအချိန်တွေကုန်သွားပေမဲ့ သင်သူ့ကို မေ့နိုင်မှာမဟုတ်ဘူး။

၁၃။ သင်ဦးတည်ရာရှိနေရင် သင်ဟာဘယ်နေရာရောက်နေတယ်ဆိုတာအရေးမကြီးပါဘူး။

၁၄။ ဘယ်အရာမဆို အဘက်ဘက်သောရှုထောင့်မှကြည့်ရတယ်။

၁၅။ ဘ၀ခရီးလမ်းဆိုတာ ယုံကြည်ချက်ရှိတဲ့သူအတွက် ခင်းထားပေးပါတယ်။

၁၆။ ပျောရွှင်မှုကို ဝေမျှလိုက်ရင် ပျော်ရွှင်မှုဟာ နှစ်ဆပါ။ Sorrw share is sorrow half, Joy share is Joy double.

၁၇။ အမြင့်ဆုံးကိုမှန်း အကောင်းဆုံးကိုကြိုးစားပြီး အဆိုးဆုံးအတွက်ပြင်ဆင်ထားပါ။

၁၈။ လုပ်ချင်တဲ့အလုပ်ကို အချိန်နဲ့အခွင့်အရေး ကိုရှာပါ။
မလုပ်ချင်တဲ့အလုပ်အတွက် ဆင်ခြေကိုတော့ ရှာပါ။

၁၉။ သိရက်နဲ့ ရူးမူးနေတာ အရက်အပြင် အချစ်ပါ။

၂၀။ ငါတို့တွေ အခွင့်အရေးမရှိတာမဟုတ်ဘူး။ အခွင့်အရေးကမျက်စိရှေ့မှာပါ။ ပြန်စဖို့ သတ္တိမရှိတာပါ။

၂၁။ အရသာမရှိတဲ့ ရေကို ငြီးငွေ့တယ်လို့ ဘယ်သူမှမပြောသလို အေးဆေးငြိမ်းချမ်းတဲ့ ဘ၀ကို ဘယ်သူက ငြီးငွေ့မှာလဲ။

၂၂။ လိုချင်တဲ့အချစ်ကို မရရင် ရနေတဲ့အချစ်ကို သင်ချစ်မြတ်နိုးပါ။

၂၃။ အရှေ့ဘက်ကနေထွက်လို့ အနောက်ဘက်ကို နေ၀င်သွားသလို စိတ်ညစ်လဲတစ်ရက် ပျော်လဲတစ်ရက် ပေါ့။ တစ်ခုခုကို သင်ရင်ဆိုငိတဲ့အချိန်မှာ သင်ရင်ဆိုင်နိုင်တဲ့ သတ္တိကမျှတနေမယ်ဆိုရင် သင်လဲပျော်မယ် စိတ်လဲချမ်းသာမယ်။

၂၄။ သင်မြတ်နိုးတက်ရင် သင်ပိုင်ဆိုင်ထားတာကအကောင်းဆုံးပါ သင်အတ္တကြီးနေမယ်ဆိုရင် သင်ပိုင်ဆိုင်ထားတာတောင်ဆုံးရှုံးနိုင်ပါတယ်။

၂၅။ အချစ်မှာလိုအပ်တာ ပွင့်လင်းမှု၊ အချေအတင်ဖြစ်ပြီဆိုရင် ညှိုနှိုင်းရမယ်။ စိတ်တိုတဲ့အချိန်မှာ စိတ်ကို အေးအေးထားရမယ်၊ ပျော်ရွှင်တာတွေကို ဝေမျှရမယ်။..................................

သတ်ပုံမှားသော ငါ့ရဲ့မနက်ခင်း

Posted on 6:27 PM by *_*Ken*_* | 0 ထင်မြင်ချက်လေးတွေပါ

တွေးမဆုံးသော
အချစ်ဆုံးတစ်ယောက်ရဲ့
နွေးထွေးမှုပေးမယ်လို့ထင်ခဲ့တဲ့
လက်တစ်စုံနဲ့
အသက်ထက်မက
ချစ်သွားမယ်လို့
ဆုံးဖြတ်ချက်ချခဲ့တဲ့
ငါ့ရဲ့ ကိုယ်ရေးရာဇဝင် စာမျက်နှာမှာ
အယောင်ယောင် အမှားမှား
လဲပြိုခဲ့ရပြီး မိန်းကလေးရေ..
ပျက်သုန်းသွားမယ်လို့
မမျှော်လင့်ခဲ့ဘူး
ဆက်ချစ်သွားမယ်လို့
ယုံကြည်ခဲ့တယ်
အိမ်မက်တစ်ခုရဲ့
ညအမှောင်လမ်းဟောင်းလေးဟာ
ခါးသီးမှုတွေက အတိ
ကံကြမ္မာရယ်
ဘယ်အခါမှ
ငါ့ကိုသိမ်ငယ်မှုတွေ
ထပ်မပေးပါနဲ့လာကွာ...

kimuchi လုပ်နည်း

Posted on 6:53 PM by *_*Ken*_* | 0 ထင်မြင်ချက်လေးတွေပါ

(၁) chinese cabbage(30)kg ကိုတစ်လွှာခြင်း ဆားပက်ပြီး ရေထဲမှာ ၈နာရီ စိမ်ပါ။ ပြီးရင်ဆားစင်အောင်ဆေးပြီး ရေစစ်ထားပါ ။

kimuchi sauce လုပ်နည်း

(1) Long Chili = 2 kg
(2) Garlic = 1 kg

(3) Big Onion = 10 pcs
(4) Pear = 10 pcs
(5) Green apple = 5 pcs
(6) Ginger = 1 kg
(7) Sprite အချိုရည် = 1.5 liter
(8) Shrimp sauce (ပုလင်နဲ့လာသည်) = 2 bottle
(9) korea soyu = 2 liter
အထက်ပါ အမျိုးအမည်များအား brander ထဲ ထည့်ပြီးကြိတ်ပါ။
ပြီးနောက်
(1) Suger = little
(2) White pepper powder = little
(3) Beef stock = little
(4) Salt = little
ထပ်ပြီးထည့်ပါ။
ထို့နောက်
(၁) Radish = 2 kg
(2) Carrot = 1 kg
slice ထိုးပြီးရေားပါ။
(1) Flour (ဆန်မှုန့်) = 1/2 kg
(2) korea chili powder (အကြမ်းအချော ဆတူ) = 1 kg
အရည်ကြိုးပြီး အအေးခံပါ။ အရည် အပြစ်အကျဲ ကြိုက်သလိုလုပ်နိုင်ပါသည်။
အေးသွားလျင် အထက်၌ အသင့်လုပ်ထားသော sauce များ နှင့်ရောထည့်လိုက်ပါ။
(1) Kuchi = 1/2 kg
(2) Spring onion = 1/2 kg
ဖြတ်ထည့်ပါ။
နောက်ဆုံး၌ Cron syrup (ကိုရီးယာ သကြားရည်) နည်းနည်း ထပ်ထည့်ပါ။
၎င်း sauce အရသာသည် စပ်ငန်ချိုရမည်။
အရောင်ကိုကြိုက်သလို ထပ်ပြီး ရေားနိုင်သည်။
ပြီးလျှင် ရေစစ်ထားသော cabbage များကို တစ်လွှာခြင်း sauce များကို သုတ်ပေးပါ။
အထက်ပါ အချိုးအဆသည် cabbage 30 kg ကို အခြေခံထားပါသည်။
လိုအပ်သည့် အချိုးအဆအတိုင် အတင်လျော့ပြုလုပ်နိုင်ပါသည်။
သခွါးသီး radish မိမိကြိုက်သည့် အရွက်များမကျန် အထက်ပါ အသင့်လုပ်ပြီး သာ
sauce များနှင့်ရေားနိုင်ပါသည်။
၎င်း နည်းသည် korea မှ တိုက်ရိုက်လုပ်သောနည်းဖြစ်ကြောင် စိတ်ချလက်ချ သုံးဆောင်နိုင်ပါသည်။
:) :) :) ~:~:~:~:~ :( :( :( ^( )^ ^( )^ ^( )^


နောက်ချန် အတွေး

Posted on 4:18 PM by *_*Ken*_* | 0 ထင်မြင်ချက်လေးတွေပါ

အနံအလျားမပါတဲ့
ကံတရာဗလာတစ်ခုဟာ
အမေးပုစ္ဆာ စိတ္တဇ အလွမ်းထဲမှာ
ဝေဒနာဆိုတာ
နာကျင်မှုအသိထက် မပိုချင်ဘူး........
ပျက်သုန်းသွားတဲ့
အိမ်မက်တစ်ခုရဲ့ ညနေခင်းဟာ
မဟူရာညမှောင်တစ်ညရဲ့
လက်တွေ့မဆန်သော
တစ်ခန်းရပ်ပြဇာတ်တစ်ပုဒ်ပါ.......
ဘုရားသခင်သာ ငါ့ကို ခွင့်ပြုမယ်ဆိုရင်
မနက်ဖြန်ကို သော့ခက်ပြီသိမ်းထားချင်တယ်.......

အပြစ်မဲ့ ကြမ္မာ

Posted on 5:45 PM by *_*Ken*_* | 0 ထင်မြင်ချက်လေးတွေပါ

သူ့အချိန်တန်လို့
မိုးစက်လေးတွေကျလာတာကို
ပျိုးပင်လေးတွေက
သူ့ဘဝကိုဖျက်ဆီးတာပါတဲ့
တကယ်တော့ဘယ်သူမှ မမှားခဲ့ကြဘူး

ခွန်အားမဲ့ နာရီး

Posted on 5:33 PM by *_*Ken*_* | 0 ထင်မြင်ချက်လေးတွေပါ

ငါ ဒီအချိန်မှာ..
အချစ်မရှိတဲ့ သီချင်းတစ်ပုဒ်
ခုံမင်နှစ်ခြိုက်စွာ
တီးခတ်ပျော်ဝင်နေမိတယ်..
ငါ သုံးဆောင်မိတဲ့
ပျာရည်တစ်စက်ဟာ
ချိုမြိန်မှု မရှိမှန်း
ပန်းတိုင်ရောက်မှ သိရတာ
ဘာကြောင့်လဲ?
အချစ် ၊ အမုန်း.. နာကျင်မှု ၊ အရင်အနှီးမဲ့သော
နေဝင်ညဆီ...ငါ..မြန်မြန်ရောက်ချင်ပြီကွယ်.....

ဝိရောဓိ ပစ္စုပ္ပန်

Posted on 6:27 PM by *_*Ken*_* | 0 ထင်မြင်ချက်လေးတွေပါ

အမှိုက်ကို ရွှေထင်ပြီး…

နိုးထရမယ့်မနက်ခင်း… နိုးလော့…….။

လတ်ဆတ်တဲ့ အိမ်မက်မရှိတဲ့ ….. တိုင်းပြည်…..၊

ဦးတည်ရာ လမ်းမရှိဘဲ… လျှောက်နေမိတဲ့…. ခြေထောက်တို့…..၊

အနာဂါတ်ရဲ့ ပစ္စုပ္မန်လေးတွေ……

သမိုင်းကို ပုခုံးတင်ပြီး….

ကျောင်းတက်ခေါင်းလောင်း ရှိရာဆီ….. ပြေးကြ…..။

ဟိုမှာ…… ထောင်ဗူးဝ…..

အမှန်တရားအတွက်…. အသက်ကို စတေးရဲသူတို့….

အတ္တကို ဇီဝိန်ချုပ်ပြီး…. နေနေကြ…..

ဝိရောဓိ….. အရှိ……။

ငွေအတွက် အတ္တကို သူတောင်းစား လုပ်နေသူများ….

ကိုယ့်ကျောပေါ်ကျကျလာတဲ့…… နှင်တံကို …ကိုင်ပြီး….

အမျိုးသား ကာကွယ်ရေး…. တံဆိပ် ကပ်ကြ….။

သခင်က ပလ္လင်မှာ ထိုင်ရင်း…. အာဏာ နူနာစွဲနေ…..

နောက်ကမယားက…. အ၀ီဇိ မျိုးဆက်ကို….

ရင်ဝယ်ပိုက်ထွေးရင်း….

မိုနာလီဇာတစ်လှည့်….. ကလီယိုပက်ထရာတလှည့်….

ပေါ်လီယာနာ ဂိုက်လည်း ဖမ်းထားသေးတယ်…..။

နာဂစ်လည်း…. တွေ့ပြီးပြီ…. NGO….. တွေလည်း မွှေပြီးပြီ……

ငတက်ပြားတစ်သိုက်…. ကျားကန်ထားတဲ့….

ရာဇပလ္လင်လည်း…. ယိုင်နဲ့ခဲ့ပြီးရင်…

မြိုချမယ့်… ဂူဝတွေလည်း…. ဆောက်ပြီးပြီ…။

အနာဂတ်ကို အံစာခေါက်ရင်း…. ပြက္ခဒိန် တွေ ဆွဲစုတ်…..။

မှားပါ များတဲ့ …. အမှားဟာ…

ယဉ်ကျေးမှုတစ်ခု…. ဖြစ်ရော့သလား….။

လျှောက်မိမှတော့…. ပြဒါးတစ်လမ်း…. သံ တစ်လမ်း….

ဆုံးအောင် လျှောက်ကြကြေးဟေ့……။

ဘယ်ဘုံဘ၀ ရောက်ရောက်…… “သစ္စာ” ဆိုတဲ့ ရန်ကြွေးရှိရင်….

ကမ္ဘာမကြေ တေးလည်း….

ဆုံးခန်းတိုင်အောင်…. ဆိုလိုက်ကြရအောင်…။

မင်းသစ်တည် (19.8.2009)

window XP ရဲ့ရိုးစင်းတဲ့ လျှိ့ဝှက်ချက် (၄၀) forever friend မှကူထားပါသည်

Posted on 6:21 PM by *_*Ken*_* | 0 ထင်မြင်ချက်လေးတွေပါ

၁) Start Menu ကို ပိုမိုမြန်ဆန်စေဖို့....
Start ကိုနှိပ်ပါ။ Run box ကိုဖွင့်ပါ။ Regedit လို့ရိုက်ပါ။ (Registry editor ကိုဆိုလိုတာပါ။)
ဘယ်ဘက် panel မှာ “HEYCURRENT USER” ကို ကလစ်နှိပ်ပါ။ အဲဒီထဲ ကမှ “control panel” ကို ထပ်ရွေးပါ။ “Control panel” ထဲကမှ Desktop ကို ရွေးပါ။ ညာဘက်အကွက်မှာ ပေါ်လာတဲ့ “Menushowdelay” ကို Right click နှိပ်ပါ။ Modify ကိုရွေးပြီး Value ကို “0″ ထားပါ။ ပြီးပြီဆိုတာနဲ့ Restart ပြန်လုပ်ပါ။

(၂) မလိုအပ်တဲ့ ဖိုင်တွေကို ရှင်းပစ်ရင် ပိုမြန်ဆန် စေပါတယ်။
- Start ကိုသွားပါ။
- Run box ကိုဖွင့်ပါ။
- “gpedit.msc” ဆိုပြီး ရိုက်ပါ။
- ဘယ်ဘက် panel မှာ “computer configuration” ရွေးပါ။
- “Administrative Templates” ကိုရွေပါ။
- “Windows components” ကို ရွေးချယ်ပါ။
- “Terminal services” ကိုရွေးချယ်ပါ။
- ညာဘက် panel မှာ ပေါ်လာမှာဖြစ်တဲ့ “Do not delete Temp Folder Upon exit” မှာ Right click နှိပ်ပါ။
- Properties ကို ရွေးချယ်ပါ။
- ပြီးရင် “disable” ကို ရွေးချယ်ပါ။

(၃) မလိုအပ်တဲ့ ဖိုင်တွေကို ရှင်းပစ်ရင် ပိုမို မြန်ဆန် စေပါတယ်။
နောက်တစ်မျိုး ရှင်းနည်း ရှိပါသေးတယ်။
- Start ကို ကလစ်နှိပ်ပါ။
- Run box ကိုဖွင့်ပါ်။
- “% temp%” လို့ ရိုက်ထည့်ပါ။
- အဲဒီမှာ တွေ့သမျှ ဖိုင်တွေကို ‘Ctrl+A’ နဲ့ Select ပေးပြီး ဖျက်ထုတ်ပစ်ပါ။
(အချို့  လုပ်ဆောင်နေဆဲ ဖိုင်တွေကိုတော့ ဖျက်လို့မရတဲ့ အကြောင်း ပြောလာတတ်ပါတယ်။)

(၄) မလိုအပ်တဲ့ ဖိုင်တွေကို ရှင်းပစ်ရင် ပိုမို မြန်ဆန် စေပါတယ်။
နောက်တစ်မျိုး ရှင်းနည်း ရှိပါသေးတယ်။
- Start > Run box ကိုဖွင့်ပါ။
- “Prefetch” လို့ ရိုက်ထည့်ပါ။
- တွေ့သမျှ ဖိုင်မှန်သမျှ ဖျက်ပစ်ပါ။

(၅) Hard disk ကို အချိန်ရှိသရွေ့  ရှင်းလင်းပေးပါ။
- All Program ကိုသွားပါ။
- Accessories ကနေတစ်ဆင့် “System tools” အောက်မှာ ရှိနေတဲ့ “Disk Clean Up” ကို ကလစ်နှိပ်ပါ။
၅ မိနှစ်အတွင်းမှာ ပုန်းကွယ်နေတဲ့ အမှိုက်သရိုက်တွေ မှန်သမျှကို ရှင်းလင်းပေးပါလိမ့်မယ်။
(ကိုယ်အနေနဲ့ အပြင်ကို ခဏတဖြုတ် သွားမယ့် အချိန်မျိုးတွေမှာ သိပ်အသုံးဝင်ပါတယ်။)

(၆) မသုံးတဲ့ ပရိုဂရမ်တွေကို ဖယ်ထုတ်ပါ။
- Start > Run
- “msconfig” လို့ရိုက်ပါ။
- “System configuration Utility” box ပေါ်လာပါမယ်။
- ညာဘက် အစွန်းဆုံးမှာ “Start up tab” ဆိုတာ ရှိပါတယ်။
- ကိုယ့်အတွက် အသုံးမ၀င်တဲ့ program တွေရဲ့  ရှေ့  မှာ အမှန်ခြစ် အမှတ် အသား လုပ်ထားခဲ့ရင် ပြန်ပြီး “uncheck” လုပ်ပေးပါ။
- Restart နဲ့ ပြန်စပါ။

(၇) လုံခြုံစေဖို့ ဖိုင်စနှစ် ပြောင်းသုံးပါ။
- Start > all programs > accessories > command prompt တစ်ခုချင်း ကလစ်နှိပ်ပြီး သွားပါ။
- Command pormpt ပေါ်လာရင် အနက် screen ကြီးကို တွေ့ရပါမယ်။
- မှိတ်တုတ်မှိတ်တုတ် cursor လေးနဲ့ “convert c:fs:ntfs” လို့ရိုက်ပါ။
- ပြီးရင် ‘Enter’ ခေါက်ပါ။
- Command prompt ကို နောက် တစ်မျိုး “Start > Run” မှာ cmd လို့ ရိုက်ထည့်ပြီး သွားနိုင်ပါတယ်။
- တကယ်လို့ NTFS ပြောင်းပြီးသား ဆိုရင် ပြောင်းဖို့ မလိုပါ။ My computer ကို Right Click နှိပ်ပြီး “properties” မှာဖွင့်ကြည့် နိုင်ပါတယ်။
- cmd ထဲဝင်ပြီး ပြန်ထွက်မရ ဖြစ်နေရင် “exit” လို့ရိုက်ပြီး ထွက်ပါ။

(၈) Memory ပိုမို အလုပ်လုပ်စေနိုင်ဖို့
- XP ရဲ့ default မှာ memory ရေရှည် အသုံးခံနိုင်အောင်နဲ့ တခြား လိုအပ်တဲ့ စနစ်ပိုင်း ဆိုင်ရာတွေကို မောင်းနှင်ဖို့ စီမံထားပါတယ်။
ဒါပေမယ့် တစ်ခါတလေမှာ ကိုယ့်အတွက် အသုံးမ၀င်ပါဘူး။ ရှိရင်းစွဲ memory ကိုပဲ လှည့်ကွက်တစ်ခု အနေနဲ့ ပိုပြီး ကောင်းမွန်အောင် သုံးစွဲနိုင်ပါတယ်။
- Start > Run > Regedit အဆင့်ဆင့်သွားပါ။
- Registry panel ရဲ့ ဘယ်ဘက်မှာ “HKEYLOCALMACHINE” ကို click နှိပ်ပါ။
- “System” ကို ကလစ် နှိပ်ပါ။
- “Current control set” ကို ကလစ် နှိပ်ပါ။
- “control” ကို ကလစ်နှိပ်ပါ။
- “Session Manager” ကို နှိပ်ပါ။
- “Memory Managment” ကိုကလစ်နှိပ်ပါ။ ညာဘက် panel မှာ ရှိတဲ့ “Disable pasing executive” ကို Double Click နဲ့ ဖွင့်ပါ။
- Large System Cache ကိုလည်း double click နဲ့ ဖွင့်ပါ။
- Decimal value ကို “1″ ပြောင်းပေးပါ။
- Restart ပြန်လုပ်ပါ။ Memory Performance ပိုပြီး ကောင်းမွန်လာပါလိမ့်မယ်။

(၉) ဖိုင်တွေကိုလုံခြုံစေဖို့ password ပေးပါ။
ကိုယ့်ရဲ့ဖိုင်တွေ၊ folder တွေ၊ ebook စတာတွေကို လုံခြုံစေဖို့ နည်းလမ်းအမြောက်အမြား ရှိပါတယ်။
password ပေးပြီး သိမ်းဆည်းထားတာဟာ အလုံအခြုံဆုံးပါပဲ။ အဲဒီလို password ပေးတဲ့အခါမှာ သိမ်းဆည်းချင်တဲ့ ဖိုင်တွေကို folder တစ်ခုထဲကို အရင်ထည့်ပါ။
ပြီးရင်ကိုယ်မှတ်မိတဲ့ Name ပြောင်းပါ။ ပြီးရင် Windows ရဲ့ built-in zip format ကို password ပေးပါ။
- Zip Software ကို install လုပ်ပြီး သုံးစွဲတာက ပိုကောင်းပါတယ်။- Win Zip Software ကို ဖွင့်ပါ။
- File menu အောက်မှာရှိတဲ့ Add a password ကို ကလစ်နှိပ်ပါ။
Winrar Software ကို install လုပ် ခဲ့မယ်ဆိုရင်တော့
- ဖိုင်ကိုကလစ်ထောက်လိုက်ပြီး ချုံ့ပေးပါ…လို့ ခိုင်းပါ။
- Advanced မှာ “Set password” ကို click နှိပ်ပါ။
- Password line နှစ်ကြောင်း တွေ့ရပါလိမ့်မယ်။ တစ်ခုနဲ့တစ်ခု တူညီရပါမယ်။

(၁၀) ဖိုင်တွေ လုံခြုံစေဖို့ ရုပ်ဖျက်ထားနိုင်ပါတယ်။
ဆော့ဖ်ဝဲအသုံးပြုထားတဲ့ ဖိုင်မှန်သမျှဟာ အဲဒီဆော့ဖ်ဝဲရဲ့ extension နဲ့ အဆုံးသတ်ပါတယ်။
ဥပမာ ebook စာအုပ်တွေဆိုရင် (.pdf)၊ စာစီစာရိုက် ဆော့ဖဲဝဲ pagemaker ဆိုရင် (.pmd)၊ Photoshop ဆိုရင် (.psd) (.jpg) စတဲ့ အဆုံးသတ် extension တွေပါဝင်ပါတယ်။
အဲဒီ extension တွေကို ဖော်ထားလို့ ရသလို ဖျောက်ထားလို့လည်းရပါတယ်။
- ပထမဆုံး My Computer ကိုကလစ်နှိပ်ပြီး အထဲကို ၀င်ပါ။
- Folder options ကို သွားပါ။ (Tools အောက်မှာ ရှိပါတယ်။)
- အဲဒီက “File Types” ကို ကလစ် နှိပ်ပါ။ (အဲဒီအခါမှာ ဖိုင်ရဲ့ extension တွေ တစ်ခုချင်းစီအလိုက် ပေါ်လာပါလိမ့်မယ်။
- အခု ဖုံးကွယ်ထားမယ့် ဖိုင်တစ်ခုကို extension ပြောင်းပေးပါ။ ဥပမာကိုယ်က (.pmd)နဲ့ စာရိုက်ထားတဲ့ page တစ်ခုကို ဖျောက်ထားချင်ရင် အဲဒီ (.pmd) နေရာမှာ (.pdf) စသည်ဖြင့် ပြောင်းလဲပေးလိုက်ပါ။
- ပြီးရင် extension ဖော်ထုတ်ထားတာကို ပြန်ပြီး ဖျောက်ပစ်လိုက်ပါ။
- အဲဒီအခါမှာ ကိုယ့်ဖိုင်ဟာ ကိုယ်ကိုယ်တိုင်တောင်မှ မမှတ်မိ နိုင်တော့တဲ့ ဖိုင်အမျိုးအစား တစ်ခုအနေနဲ့ ပြောင်းလဲသွားပါလိမ့်မယ်။

(၁၁) ပရိုဂရမ်ရဲ့ အမြန်နှုန်းတွေကို မြှင့်တင်ပါ်။
Screen ရဲ့ အောက်ခြေမှာရှိတဲ့ ‘taskbar’ ကို Right click လုပ်ပါ။

- ပေါ်လာတဲ့ box ထဲက ‘Task Manager’ ရွေးပါ။
- ‘Task Manager’ ထဲကမှ ‘process tab’ ကို ရွေးချယ်ပါ။ ကိုယ့် ပီစီထဲမှာ ရှိတဲ့ ပရိုဂရမ်တွေ၊ browser တွေ ပေါ်ထွက် လာပါလိမ့်မယ်။
- ကိုယ် မကြာခဏ သုံးစွဲလေ့ရှိတဲ့ ပရိုဂရမ်ပေါ်မှာ “Right Click” နှိပ်ပါ။
- ‘pirority’ ကို High လုပ်လိုက်ပါ။
- ကိုယ်သုံးစွဲတဲ့ ပရိုဂရမ်ဟာ သိသိသာသာ အမြန်နှုန်း မြင့်တက်လာပါလိမ့်မယ်။

(၁၂) Hibernate မလုပ်ပါနဲ့။
Hibernate ကို ကွန်ပျူတာ သမားတွေ အသိများပါတယ်။ နောက်တစ်နေ့မှာ ကိုယ်သုံးစွဲထားခဲ့တဲ့ ပရိုဂရမ်တွေအတိုင်း ပြန်ပေါ်ထွက်လာအောင် စီစဉ်ပေးထားတာပါ။
ဒါပေမယ့် memory ကို အရမ်းစားပြီး hard disk မှာလည်း မတရား နေရာယူလွန်းပါတယ်။

- Control Panel ကိုဖွင့်ပါ။
- Power Options ကို click နှိပ်ပါ။
- Hibernate ကို ရွေးချယ်ပါ။
- ‘Enable hibernation’ ကို ‘Uncheek’ ပြန်လုပ်ပါ။ (ခွင့်မပြုဘူး ဆိုတဲ့ သဘောပါ။)

(၁၃) Memory နည်းပါးနေတဲ့ အခါ
အမြဲလို ကြုံရဘူးပါတယ်။ ဆော့ဖ်ဝဲ နှစ်ခုလောက် အပြိုင်အလုပ်လုပ်တဲ့အခါ ‘Memory Inerupt’ ဆိုပြီး ဆော့ဖ်ဝဲ တစ်ကို ပိတ်သွားတာမျိုး ရှိသူတွေအတွက် လျှော့ချသင့်တဲ့ ပုံစံတွေ ရှိပါတယ်။
XP မှာ အသစ်ပေါင်းထည့်ထားတဲ့ feature အသစ်ဟာ momery ကို အလွန် သုံးစွဲသလို “Thames” တွေကလည်း memory ကို သုံးစွဲပါတယ်။
ဒါကြောင့် Style XP လို “Thames” တွေကို memory မြင့်မြင့်မားမား မရှိဘဲနဲ့ install မလုပ်ပါနဲ့။ Window ရဲ့ ဂန္တ၀င် ပုံစံဟာ memory ကို ချွေတာရာရောက်ပြီး အလုပ် များများရှိတဲ့ လူတွေအဖို့ သင့်တော်ပါတယ်။

- Control Panel > System
- Advanced tab ရွေးချယ်ပါ။
- ‘Performance’ မှာ ’setting’ ဆိုတာ ပါဝင်ပါတယ်။
အဲဒီ setting ကို ကလစ်နှိပ်ပြီး ‘Adjust for best performance’ ကို ရွေးချယ်ပါ။
နောက်တစ်နည်းနဲ့ Start Menu ကို ဂန္တ၀င် ပုံစံပြောင်းလို့ ရသေးပေမယ့် အခုနည်းက OS ကနေ အလိုအလျှေက် ညှိနှိုင်း ဆောင်ရွက်ပေးတဲ့ အတွက် ကောင်းပါတယ်။

(၁၄) Automatic update ကို ပိတ်သင့်ပါသလား။
အင်တာနက် ချိတ်ဆက်ထားတဲ့ ပီစီတွေ အဖို့တော့ Automatic update ကို ပိတ်ထားတာဟာ အဆိုးရော အကောင်းရော ဖြစ်စေပါတယ်။
အဆိုးကတော့ browser မှာ ထည့်သွင်းထားတဲ့ ‘add-ons’ လို update တွေမရနိုင် တော့ပါ။ အကောင်းဘက် ကတော့ memory ကို ပိုမို များပြားစွာ သုံးစွဲစေပြီး XP ကို ပိုမြန်စေပါတယ်။
- Control Panel > System
- Automatic updating ကို Turn Off လုပ်ပေးပါ။

(၁၅) ပရိုဂရမ်တွေကို Shortcuts တွေ တည်ဆောက်ထားပါ။
- Desktop မှာ New Floder ဖန်တီးပြီး ‘Application’ လို့ အမည်ပေးပါ။
- ပြီးရင် ပရိုဂရမ် တွေရဲ့ Shortcuts တွေ မှန်သမျှ ထည့်ပေးပါ။
- Taskbar မှာ Right Click နှိပ်ပြီး toolbar မှာ ‘New toolbar’ ကို သွားပါ။
- အခုန တည်ဆောက်ထားတဲ့ ‘Application’(New Floder)’ ဆီကို ညွှန်းပေးပါ။
- ပီစီဖွင့်တိုင်းမှာ Shortcuts တွေကနေ တစ်ဆင့် အမြန်ဆုံး အလုပ်လုပ်နိုင်ပါမယ်။

(၁၆) ‘Shut-down’ shortcut ဖန်တီးနိုင်ပါတယ်။
- Desktop မှာ Right Click နှိပ်ပါ။ New shotcut ကို ဖန်တီးပါ။
- နာမည်မှာ ’shutdown-s-to’ လို့ အမည်ပေးပါ။
- ပြီးရင် properties ကို သွားပါ။ Target နေရာမှာ “C:/Windows/system32/shutdown.exe”ကို ရွေးပေးပါ။
(XP.SP2 သမားတွေအတွက်တော့ အလွယ်တကူနဲ့ C > Windows > System32 > “shutdown icon” အထိ သွားပြီး shutcut ဖန်တီးနိုင်ပါတယ်။)

(၁၇) Keyboard shotcut တွေကိုသုံးပါ။
Ctrl+A ဆိုတာ Select All ၊ Ctrl+C ဆိုတာ Copy ၊ Ctrl+V ဆိုတာ Paste အဲဒီလိုမျိုး မြန်ဆန်စေတဲ့ ကီးဘုတ်ဖြတ်လမ်း နည်းလေးတွေကို သုံးစွဲကြည့် နိုင်ပါတယ်။

(၁၈) Fonts တွေကို ခဏ ဖယ်ထုတ်ထားပါ။
ဖြစ်နိုင်ရင်တော့ တချို့  Fonts တွေဟာ ဥပမာအားဖြင့် ကိုယ်ဟာ စာစီစာရိုက် သမားတစ်ယောက်၊ Web designer တစ်ယောက်မဟုတ်ရင် မလိုအပ်တဲ့ font တွေကို အပြီးတိုင် ဖယ်ထုတ်ထားလို့ ရပါတယ်
Photoshop လို ပရိုဂရမ်မျိုးဟာ ဖွင့်ချိန် အရမ်းကြာမြင့်တာဟာ သူ့ရဲ့ library ထဲကို အသင့်သုံးပစ္စည်းတွေကို ခေါ်ယူနေတာကြောင့်ပါ။
အဲဒီ လိုမျိုးပဲ တခြားပရိုဂရမ်ေ်တွဟာ ကြာနေတတ်တာဟာလည်း အကြောင်းအမျိုးမျိုး ရှိနိုင်ပြီင်္း အဲဒီထဲက အကြောင်းတစ်ခုက ‘Fonts’ တွေကို loading လုပ်နေရလို့ပဲ ဖြစ်ပါတယ်။
- Control Panel > Fonts ကို ဖွင့်ပါ။
- Folder အသစ်တစ်ခု ဆောက်ပါ။ အသုံးမလိုတဲ့ Fonts တွေကို သီးသန့် ပေါင်း စုထားပြီး၊ control panel ကနေ ခွဲထုတ်နေရာ ရွှေ့  ပစ်လိုက်ပါ။
- ဒါဟာ ပရိုဂရမ်တွေကို မြန်ဆန်စေတဲ့ လျှို့ ဝှက်ချက် တစ်ခုပါပဲ။

(၁၉) Font အရွယ်အစား ပြောင်းလဲ ကြည့်နိုင်ရန်
အင်တာနက် သုံးစွဲ နေတဲ့ အချိန်မှုာ Image ပေါ်မှာ ရေးထားတဲ့ စာလုံးတွေကိုပဲ ဖြစ်ဖြစ် တခြားနေရာ မျိုးစုံက အက္ခရာတွေကိုပဲ ဖြစ်ဖြစ် ပိုမိုသဲကွဲစွာ မြင်နိုင်ဖို့ နည်းရှိပါတယ်။
- Ctrl ကို ဖိထားရင်း keyboard အပေါ်တန်းက “+” ကို နှိပ်ပါ။ နှိပ်လေလေ font နဲ့ webpage စာမျက်နှာ ကြီးလာလေလေ ဖြစ်ပါလိမ့်မယ်။ အရွယ်အစား လျှော့ချဖို့ ကတော့ ‘Ctrl’ နဲ့ အနှုတ်လက္ခဏာကို တွဲဖက်အသုံးပြုပါ။

(၂၀) Shift + Delete ကို သတိထားပါ။
ရိုးရိုး Delete ဟာ ဖိုင်တစ်ခုကို ဖျက်ပစ်လိုက်ပေမယ့် အမှိုက်ပုံးထဲမှာ ကိုယ်စားကျန်ပါသေးတယ်။ Shift Key ကို သတိထားပြီး Delete ခလုတ်ကို နှိပ်ချလိုက်မယ် ဆိုရင်တော့ အပြီးတိုင် ဖျက်ပေးသွားပါလိမ့်မယ်။
မလိုလား အပ်တဲ့ အကျိုးဆက်တွေ ဖြစ်စေနိုင်တာမို့ ‘Shift + Del’ ကို သတိထားပြီး သုံးစွဲပါ။

(၂၁) Error report ကို ပယ်ဖျက်ပါ။
ပရိုဂရမ်တွေ မျိုးစုံ ဖွင့်နေရင်း တစ်ခါတစ်လေမှာ ပရိုဂရမ် တစ်ခုခုဟာ ကြာမြင့်နေတဲ့ အချိန်မှာ hang မသွားခင်မှာ windows ရဲ့ ‘Error report’ box တက်လာတတ်ပါတယ်။ အဲဒါကို ဖျောက်ထားပစ်ပါ။
- Control Panel > System
- ပြီးရင် Advanced ကို click နှိပ်ပါ။အဲဒီထဲကမှ ‘Error Reporting’ Disable ကို ကလစ်နှိပ်ပြီး OK နဲ့ ထွက်ပါ။

(၂၂) ‘Open-with’ ဆိုတာ
ဗီဒီယိုဖိုင်တွေ အတွက်ဆိုရင် ‘Open-with’ ဟာ အလွန်အသုံးဝင်ပါတယ်။ window media player ကို လက်မခံတဲ့ file extension တွေကို open-with နဲ့ ဖွင့်လှစ်ရပါမယ်။
(အရင်ဆုံး player တချို့ ကိုတော့ install လုပ်ဖို့ လိုပါလိမ့်မယ်။)
- ဖွင့်ချင်တဲ့ ဖိုင်တစ်ခုကို ‘Right Click’ ထောက်ပြီး ‘open with’ ကို ရွေးချယ်ပါ။
- ‘Browser’ လုပ်လိုက်ရင် ပရိုဂရမ်တွေ အစီအရီ ပေါ်ထွက်လာပါလိမ့်မယ်။ စိတ်ကြိုက်တစ်ခုကို ရွေးချယ်ပြီး ဖွင့်လှစ် နိုင်ပါတယ်။
ဘယ်လိုမျှ ဖွင့်ကြည့်လို့ မရဘူးထင်တဲ့ Note pad ပုံစံ ပရိုဂရမ်တွေကို word pad နဲ့ ဖွင့်လို့ ရပါတယ်။

(၂၃) Open-with ဟာ ပိုပြီး မြန်ဆန်ပါတယ်။
Photoshop မှာ (.psd) ဆိုတဲ့ ပရိုဂရမ်ပိုင် extension တွေက လွှဲလို့ တခြားပုံရိပ်တွေကို ဖွင့်ကြည့်ချင်ရင် ‘open-with’ က ပိုပြီးမြန်ဆန်ပါတယ်။
Open-with ကနေ ‘Image Viewer’ ကို ရွေးချယ်ပေးပါ။

(၂၄) Filmstrip နဲ့ ရုပ်ရှင် ကြည့်နိုင်ပါတယ်။
ကိုယ့်မှာရှိတဲ့ ပုံရိပ်တွေ အားလုံးကို floder ထဲမှာ တစ်စု တစ်စည်းတည်း ထားလိုက်ပါ။ ဓါတ်ပုံတွေ အားလုံးကို ရုပ်ရှင် တစ်ခုကို ကြည့်နေရသလိုမျိုး စီစဉ်ထားနိုင်ပါတယ်။
- Floder ကို ဖွင့်လိုက်ပါ။
- ပြီးရင် Menu bar ထဲက ‘View’ မှာ Filmstrip ကို ရွေးချယ်လိုက်ပါ။
- Ctrl Key ကို ကိုင်ထားပြီး လိုအပ်သလို အကွက်ရွှေ့ လို့ ရပါတယ်။

(၂၅) IE ရဲ့ homepage ကို Blank လုပ်ထားပါ။
IE ကို ဖွင့်ရာမှာ တစ်ခါတလေ စိတ်ပျက်ဖို့ ကောင်းပါတယ်။ မိုက်ကရိုဆော့ဖ် ရဲ့ default home page “msn.com” ဟာ ငြီးငွေ့စရာ ကောင်းလောက်အောင်ကို ကြာမြင့်လွန်း တတ်ပါတယ်။
တကယ်လို့ IE ကို ဖွင့်လိုက်စဉ်တိုင်းမှာ အဖြူထည် စာမျက်နှာ ဖြစ်နေတာဟာ ပိုပြီး မြန်ဆန် စေပါတယ်။
- IE ကို ဖွင့်ပါ။
- Tools ကို ကလစ်နှိပ်ပါ။ General အောက်မှာ ရှိတဲ့ address box မှာ user blank ကို ကလစ်နှိပ်ပါ။
- Apply ကို ကလစ်နှိပ်ပါ။ OK ကို ကလစ်နှိပ်ပါ။

(၂၆) Domain တွေကို key နဲ့ သုံးပါ။
- www. google.com ကို သွားဖို့ အတွက် အရှည်ကြီး ရိုက်နေဖို့ မလိုပါဘူး။
- google ကို ရိုက်ပါ။ ပြီးရင် Ctrl key ကိုင်ထားပြီး Enter ခေါက်ပါ။ အဲဒီလို shot-cuts တွေကို လေ့လာရင်း သုံးစွဲရင် ပိုမြန်ဆန် စေပါတယ်။

(၂၇) ‘Animated dog’ ဟာ လေးလံပါတယ်။ ပယ်ဖျက်ထားပါ။
Search box ဟာ အလွန်နှေးပါတယ်။ စက်ကို crash ဖြစ်သွား စေမတတ် ပါဘဲ။ အဲဒီ ခွေးကလေးကို ပယ်ဖျက်ထားပါ။
- Search window ကို ဖွင့်ပါ။
- Change preferences ကို click လုပ်ပါ။
- ‘Without an animated screen character’ ကို ကလစ်နှိပ်ပါ။
- Animated object မရှိတော့တဲ့ အတွက် Search box ဟာ ပိုပြီး မြန်ဆန် လာပါလိမ့်မယ်။

(၂၈) Network အတွင်းလေ့လာ ကြည့်ခြင်း
ကိုယ့်ရဲ့ network ဧရိယာ များမှာ ဘယ်သူတွေ ရှိနေသလဲ ဆိုတာ ကြည့်ရှုချင်ရင် My Network places ကနေ ကြည့်ရှုလို့ ရပါတယ်။
ပီစီတစ်လုံးကနေ နောက်တစ်လုံး ဆီကို access လုပ်ဖို့ ကို တော့ admin ခွင့်ပြုချက် ဒါမှမဟုတ် password ရယူရပါမယ်။ My Network places မှာ ‘view word group computer’ ကိုရွေးလိုက်။
အဆက်အသွယ် တွေ အကုန်လုံးကို တွေ့ရပါလိမ့်မယ်။

(၂၉) MP3 သီချင်းတွေကို ကလစ်တစ်ချက်တည်းနဲ့ ဖွင့်နိုင်ပါတယ်။
- Control panel > Taslbar and Start Menu ကို ရွေးချယ်ပါ။
- Start Menu ကို ကလစ်နှိပ်ပါ။
- Customize ကို ကလစ်နှိပ်ပါ။
- Advanced tab ကို ကလစ်နှိပ်ပါ။
- My Music ကို ရွေးချယ်ပါ။

(၃၀) Print Screen သို့မဟုတ် Capture ဖမ်းယူခြင်း
ကွန်ပျူတာပေါ်က မြင်းကွင်းတစ်ခုခုကို ပုံရိပ်အနေနဲ့ ကူးယူပြီး ကိုယ့်အတွက် ပြန်လည်၍ အသုံးချနိုင်ပါတယ်။
- လိုချင်တဲ့ image ဒါမှမဟုတ် webpage ကို ဖွင့်ပါ။
- Keyboard က ‘print screen preview’ ကို ကလစ်နှိပ်ပါ။ (ဖွင့်ထားတဲ့ ပုံရိပ် အနည်းငယ်သာ လိုချင်ရင် Alt နဲ့ တွဲနှိပ်ပါ။)
- ပြီးရင် Start > Run box မှာ ‘mspaint’ဆိုပြီး စာရိုက်ပါ။ (ရိုးရိုး paint program ကို ခေါ်သုံးရင်လည်း ရပါတယ်။)
- paint ပေါ်လာပြီဆိုတာနဲ့ ‘Ctrl+V’ ဒါမှမဟုတ် ‘File menu’ အောက်က ‘paste’ ကို ကလစ်နှိပ်ပါ။
(ဤ paint နေရာမှာ အခြား Clipboard ရှိတဲ့ ဓါတ်ပုံ တည်းဖြတ် ဆော့ဖ်ဝဲ တွေ photoshop corel draw စတာတွေ သုံးစွဲ နိုင်ပါတယ်။)

(၃၁) Screen Saver ကို Slide Show လုပ်နိုင်ပါတယ်။
- Control Panel > display
- Display properies box ကျလာရင် ’screen saver tab’ ကို ရွေးချယ်ပါ။
- နောက်ဆိုရင် Screen Saver ဟာ ရုပ်ရှင်တွေ ပြသလိုမျိုး ပုံရိပ်တွေ တစ်မျိုးပြီးတစ်မျိုး မရိုးနိုင်အောင် ပေါ်လာပါလိမ့်မယ်။
- (My Picture folder ထဲမှာ ကိုယ်လိုချင်တဲ့ Image တွေကို အရင်ဆုံးထည့်ထားရပါမယ်။ Slide Show မှာ ပုံရိပ်တစ်ခု နဲ့ တစ်ခုအကြား ကြာမြင့်ချိန်ကို စိတ်ကြိုက် ရွေးချယ် ပြောင်းလဲ နိုင်ပါတယ်။)

(၃၂) Pop-up တွေကို လက်မခံပါနဲ့။
Firefox browser မှာ pop-up blocker ဆိုပြီး လုံခြုံရေး tool ပါဝင်တဲ့ အပြင် add-ons တွေနဲ့ အထူး ပိတ်ပင် တားဆီးလို့ ရနိုင်ပါတယ်။
IE ရဲ့နောက်ဆုံးထွက် version7.0 ကို install လုပ်လိုက်မယ် ဆိုရင်တော့ pop-up ပြဿနာဟာ ၇၀% လျှော့ကျ သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် browser မှန်သမျှရဲ့ နောက်ဆုံးထုတ် version ကို ရအောင် ယူထားပါ။

(၃၃) Toolbar ပြုပြင်ခြင်း
- firefox မှာ Menubar ပေါ်မှာ Right click နှိပ်ပါ။
- အဲဒီထဲက ပေါ်လာတဲ့ customize bar ထဲကို ကိုယ်လိုချင်တဲ့ ‘icon’ တွေကို ပေါင်းထည့် ပေးပါ။

IE အတွက်ကတော့
- IE ကို ဖွင့်ပါ။
- View > toolbar > customize
- အဲဒီအထဲကမှ စိတ်ကြိုက် ပြင်ဆင်နိုင်ပါတယ်။ ဒီလိုပြင်ဆင် ထားတဲ့အတွက် ကိုယ်လိုချင်တဲ့ အချိန်မှာ လိုသလို အသုံးချနိုင်တဲ့ icon တွေ အဆင်သင့် မြန်မြန် ဆန်ဆန် ရှိနေမှာပါ။

(၃၄) Private data ကို လုံခြုံအောင်ထားပါ
- IE ကိုဖွင့်ပါ။ Tools Menu မှာ ရှိတဲံ့ internet options ကနေ Clear History ကို ကလစ်နှိပ်ပါ။ ‘Cache’ ကိုရှင်းပါ။ ပိုပြီး အန္တရာယ် ကင်းစေချင်ရင် ‘Cookies’ တွေကို ရှင်းပါ။
Firefox ကို ဖွင့်ပါ။ “Options” ကို ကလစ်နှိပ်ပါ။
- Privacy ကို ကလစ်နှိပ်တဲ့အခါမှာ box ရဲ့ အောက်ဆုံးမှာ “private data” တွေ့ရပါမယ်။ “Setting” ကို ၀င်ပြီး အမှန်ခြစ်တွေ ပေးထားပါ။ OK နှိပ်ပြီး ပြန်ထွက်ပါ။ “Always Clear my private data when I close firefox” ရှေ့ မှာ အမှန်ခြစ်ပေးပါ။ Cyber cafe မှာ သုံးစွဲဖို့ သင့်တော်စေတဲ့ tool တစ်ခုပါ။

(၃၅) Entry တွေကို ရှင်းလင်းပါ။
- Start > Run
- Regedit လို့ရိုက်ပြီး Enter ခေါက်ပါ။
- HKEY_LOCAL_MACHINE ကို ကလစ်နှိပ်ပါ။
- Software ကို ကလစ်နှိပ်ပါ။
- Microsoft ကို ကလစ်နှိပ်ပါ။
- Windows ကို ကလစ်နှိပ်ပါ။
- Current Version ကို ကလစ်နှိပ်ပါ။
- Uninstall ဆိုပြီးပေါ်လာပါမယ်။အဲဒီထဲမှာ ကိုယ် uninstall လုပ်ခဲ့စဉ်တုန်းက အကြောင်း အမျိုးမျိုး ကြောင့် မပျက်ခဲ့တဲ့ ဆော့ဖ်ဝဲ အကြွင်းအကျန်နဲ့ အစအန တွေကို ရှင်းလင်း ထုတ်ပါ။
- Restart ပြန်လုပ်ပါ။

(၃၆) Mouse ကို ချောမွေ့ စွာ ကိုင်တွယ်နိုင်ပါတယ်။
များသောအားဖြင့် Mouse ရဲ့ default ဆက်တင်ဟာ ပြုပြင်စရာ မလိုအောင် ကောင်းပါတယ်။ တကယ်လို့ စိတ်ကြိုက် ပြင်ဆင် ချင်သေးတယ် ဆိုရင်–
- Control Panel > System
- Hardware ကို ရွေးချယ်ပါ။
- Device Manager ကို ကလစ်နှိပ်ပါ။
- ‘Mice and other pointing serices ဆိုတာ ရှိပါတယ်။ အဲဒီမှာ mouse ကို right click နှိပ်ပြီး properties ကို စိတ်ကြိုက် ပြောင်းလဲ နိုင်ပါတယ်။

(၃၇) Restore point ကို ဖျက်ပစ်ပါ။
ကွန်ပျူတာရဲ့ စနစ်မှုာ တစ်ခုခု အမှားအယွင်း ဖြစ်နေခဲ့ရင် အရင်အတိုင်း အခြေအနေ ကောင်းလေးကို ပြန်လည် ရရှိစေနိုင်ဖို့ System Restore ဆိုတာ ထားရှိပါတယ်။ Memory ကိုရော၊ Hard disk နေရာလွတ် များများကိုရော လိုချင်တယ် ဆိုရင် အရင် restore point အဟောင်းတွေကို ဖျက်ပစ်ရပါမယ်။
- Start > All Programs > Accessories > System tools > Disk Clean up > More Options အထိ ဆက်တိုက် သွားပါ။
- အဲဒီ More Options မှာရှိတဲ့ restore point အဟောင်းတွေကို delete လုပ်ပစ်ပေးပါ။

(၃၈) တစ်ပတ်တစ်ခါ defragment လုပ်ပါ။
- Start > All Programs > Accessories > System tools >Disk Defragmenter ကို ရွေးချယ်ပါ။
- Analyzing လုပ်တာနဲ့ Defragment လုပ်တာ နှစ်မျိုး ရှိပါတယ်။ နာရီဝက်၊ တစ်နာရီလောက် အချိန် ပေးရပါမယ်။ ဒီ tool ဟာ window နဲ့ ‘built-in’ tool ဖြစ်ပြီး System မှာရှိတဲ့ မလိုအပ်တဲ့ ဖိုင်တွေနဲ့ အမှိုက် အစအန တွေကို အထိုက်အလျှောက် ဖယ်ရှား ပေးတဲ့အတွက် သုံးစွဲ သင့်ပါတယ်။

(၃၉) ‘Virtual memory’ တည်ဆောက်ခြင်းဟာလည်း စနစ်ကို မြန်ဆန်စေပါတယ်။
ပီစီရဲ့ လိုအပ်တဲ့ ပရိုဂရမ်တွေကို မြန်မြန်ဆန်ဆန် သုံးစွဲနိုင်စေဖို့ ‘Virtual memory’ တည်ဆောက် နိုင်ပါတယ်။
- My Computer ကို Right Click နှိပ်ပြီး properties ကို ရွေးချယ်ပါ။
- ကျလာတဲ့ box ထဲမှာ Advanced ကို ထပ်မံ ရွေပေးပါ။
- ‘Performance’ မှာရှိတဲ့ ‘Settings’ ကိုရွေးချယ်ပါ။
- Change icon ကို ကလစ်နှိပ်ပါ။
- ပြီးရင် “customize” box ကို ‘on’ ပြီးတဲ့ အခါမှာ C.D.E ရှိတဲ့ drive တစ်ခုချင်း စီကို လိုသလောက် virtual memory ထပ်မံ တိုးဖြည့်ပေးထားလို့ ရပါတယ်။ ပြီးရင် set command ကို ကလစ်နှိပ်ပြီး OK နဲ့ ထွက်ပါ။

(၄၀) မြန်မြန်ဆန်ဆန် Lock လုပ်နည်း.....
‘Ctrl + Alt + Del’ ကို တွဲဖက်နှိပ်ရင် ‘Task Manger’ ပေါ်လာပါလိမ့်မယ်။ အဲဒီအထဲကမှ “Log-Off” ကို ရွေးချယ်ပြီး အမြန် Lock လုပ်နိုင်ပါတယ်။
အဲဒီထက် ကောင်းတဲ့ နည်းကတော့-
- Kkeyboard က windows Logo Key လေးကို ဖိထားပါ။ ‘L’ ကို နှိပ်ပါ။
- Shutdown icon ကို တွေ့ရမှာ ဖြစ်သလို လိုအပ်သလို ပြန်လည် ၀င်ရောက်နိုင်တဲ့ Log-on buttom ကလေးလည်း ပါဝင်ပါတယ်။.

စည်း

Posted on 4:26 PM by *_*Ken*_* | 0 ထင်မြင်ချက်လေးတွေပါ

ဆန္ဒတွေတော့ ရှိသေးတယ်
မျော်လင့်ချက်တွေ မရှိတော့ဘူး
အချစ်တွေတော့ ရှိသေးတယ်
ယုံကြည်မှုတွေ မရှိတော့ဘူး
သတိတွေတော့ ရသေးတယ်
ဆုံနိုင်ခွင့်တွေ မရှိတော့ဘူး

မာတိကာမဲ့ ဒဏ်ယာ

Posted on 1:43 AM by *_*Ken*_* | 0 ထင်မြင်ချက်လေးတွေပါ

ဆုံမှတ်မရှိတဲ့ လမ်းတစ်ခုကို
မင်းနဲ့ငါ မထင်မှတ်ပဲလျှောက်လှမ်းကြတယ်...
.....
နာကျင်မှုတွေနဲ့ ဇာတ်သိမ်းခန်းတွေ
အဆုံးသတ်မယ် ဆိုတာသိလျက်နဲ့
အချစ်တွေကို ရင်မှာထွေးပိုက်
ရင်ခုန်သံရဲ့ ဖျားယောင်မှုကိုလိုက်ပြီး
မှားယွင်းမှုတွေကို ကျူးလွန်ကြတယ်...............
ချစ်သူ...................
တစ်ခါတစ်ရံ လွန်လွန်ကြူးကြူး သတိယမိ သလို
ပျက်ယွင်းနေတဲ့ ရေတွင်းပျက်ရဲ့ နှုတ်ခမ်းဝမှာ
တစ်စုံတစ်ခုပြောဖို့ ငါ ခွန်အားမဲ့နေပြီး
တွယ်တာစရာမဲ့တဲ့ ငါ့ရဲ့ ဖြစ်တည်အသက်ရှင်မှုဟာ
မင်းဟာ ငါ့အအတွက်
စမ်းရေလာ? အဆိပ်လာ?
ငါ မဝေခွဲတတ်ဘူး.........
မပြီးဆုံးနိုင်တဲ့ အိမ်မက်ကို
ငါဘယ်လောက်အထိ ဖက်တွယ်နေမှာလဲ?
ကျေးဇူးပြုပြီးတော့
ငါ့ကို ဒဏ်ယာအထပ်ထပ်နဲ့
အသက်ရှင်ခွင့်ပြုပါ ချစ်သူ..........

--
လင်းထွဋ်(၅း ၈ . ၂၀၀၉)

TELL ME WHY

Posted on 8:01 PM by *_*Ken*_* | 0 ထင်မြင်ချက်လေးတွေပါ

Why d0 I L0v3 S0m30n3
wh0 d03sn't l0v3 m3 in r3turn?
...Why d0 I cry 0v3r s0m30n3
wh0 didn't hurt m3?
....why d0 I always think ab0ut h3r,
If sh3 n3v3r th0ught @b0ut m3?
...why d0 I @lw@ys w@it f0r h3r,
if sh3 h@v3 n3v3r w@it3d f0r m3?
...why d0 I s33 h3r, but sh3 d03sn't s33 m3?....

TELL ME WHY

tell me why: linn htut

အကောင်းဆုံးလူသား

Posted on 5:36 PM by *_*Ken*_* | 0 ထင်မြင်ချက်လေးတွေပါ

1 နေ့စဉ်10မိနစ်မှာမိနစ်30အထိလမ်း
လျှောက်ပါလမ်းလျှောက်နေစဉ်အတွင်းသင့်မျက်နှာကိုအတတ်နိုင်ဆုံးပြုံးထားပါ။
2 နေ့စဉ်အနည်းဆုံး10မိနစ်ခန့်ဘာကိုမှာမတွေးပဲငြိမ်သက်စွာနေပါ။မနက်အိပ်ယာထပြီဆိုတာနဲ့ပုံမှန်လုပ်နိုင်ပါတယ်။
3 ဘယ်လောက်ပင်ပန်းအလုပ်ရှုပ်နေပါစေရရင်ရသလိုနေ့စဉ်7နာရီပြည့်အောင်အိပ်ပါ။
4 Eသုံးလုံးနဲ့အညီနေပါ။1Energy 2Enthusiasm 3Empathy
5 Gameတွေကစားပေးပါ။
6 မနေ့ကထက်ဒီနေ့စာများများပိုဖတ်ပါ။
7 တရားထိုင်းခြင်း၊ယောဂကျင့်ခြင်းစတာတွေအတွက်နေ့စဉ်အချိန်ပေးလုပ်ဆောင်ပါ။
8 သင့်ရဲ့အချိန်တွေထဲကအနည်းဆုံးမိနစ်30ခန့်ကိုအသက်70အရွယ်တွေနဲ့အသက်6နှစ်အောက်ကလေးငယ်များနဲ့အချိန်ဖြုန်းနေပါ။
9 နိုးနေတာထက်အိမ်မက်(စိတ်ကူး)များများမက်(ယဉ်)ပါ။
10 အသားများများစားတာထက်အသီးအရွက်များများစားပါ။
11 ရေးများများသောက်ပါ။
12 တစ်နေ့မှာအနည်းဆုံးလူ3ယောက်ကိုနှစ်နှစ်ခြိုက်ခြိုက်ပြုံးဖြစ်အောင်ပြုံးပြပါ။
13 အတင်းပြောခြင်းနဲ့အချိန်တွေမဖြုန်းမိပါစေနဲ့။
14 အတိတ်ကအမှားတွေကိုပြန်အစမဖော်ပါနဲ့။လက်ရှိအနေအထားကစလို့ပျော်အောင်နေပစ်ပါ။
15 သင်မလုပ်နိုင်ပဲနဲ့အဆိုးဘက်ကမမြင်ပါနဲ့။အကောင်းဘက်မှသင်ကိုယ်တိုင်ဝင်ခံစားပေးပါ။
16ဘ၀ဆိုတာသင်ယူစရာတွေနဲ့ပြည့်နှက်နေတဲ့ကျောင်းတစ်ခုဆိုတာသိပါ။ပြဿနာဆိုတာသင်ရိုးညွှန်းတမ်းထဲကပြဌာန်းချက်အပိုင်း
အစတစ်ခုဖြစ်လို့ကျောင်းမှန်မှန်တက်ပြီးဘ၀နောက်ဆုံးအချန်ထိလေံလာသင်ယူရင်းအလွယ်လေးကျော်ဖြတ်သွားပါ။
17 မနက်မှာဘုရင်လိုစား၊နေ့လည်မှာမင်းသားလေးလိုစား၊ညမှာသူဖုန်းစားလိုစားပါ။
ု18 လုပ်ငန်းခွင်ထဲမှာများများရယ်ပြီးများများပြုံးပါ။
19 ဘ၀ဟာသိပ်တိုတောင်းပါတယ်။အမုန်းတရားတွေနဲ့အချိမဖြုန်းပါနဲ့မုန်းနေတာတွေရှိရင်ဆန့်ကျင်ဘက်လုပ်ကြည့်ပါ။
20 အလုပ်တွေလုပ်တဲ့အခါအသည်းအသန်အပူတပြင်းမလုပ်ပါနဲ့။ခေါင်းအေးအေးထားပြီးအမှားကင်းအောင်လုပ်ပါ။
21 အငြင်းအခုန်ကိစ္စတွေအတွက်တန်ဖိုးရှိတဲ့သင့်လေတွေကိုမဖြုန်းပါနဲ့။နားလည်မှုအတတ်နိုင်ဆုံးပေးလိုက်ပါ။
22 အတိတ်ကကိစ္စရပ်တွေအတွက်ငြိမ်းချမ်းရေးယူကြည့်ပါ။
လက်ရှိအခြေအနေအတွက်အထောက်အကူရလာပါလိမ့်မယ်။
23 သင့်ဘ၀ကိုအခြားတစ်ယောက်နဲ့မနှိုင်းယှဉ်ပါနဲ့။
24 သင့်ဘ၀ကိုပျော်ရွှင်အောင်လုပ်နိုင်တာသင်အပြင်တခြားလူအရှိဘူးဆိုတာသိပါ။
25 အရာရာတိုင်းအတွက်လူတိုင်းကိုခွင့်လွှတ်တတ်တဲ့စိတ်နဲ့မြင်ကြည့်ပါ။
26 အခြားသူတွေသင့်ကိုဘယ်လိုထင်မြင်နေပါစေမဟုတ်ရင်သင်ခံစားမနေပါနဲ့
27 ကောင်းသည်ဖြစ်စေ၊ဆိုးသည်ဖြစ်စေလိုအပ်တဲ့အချိတစ်ခုကိုစောင့်ကြည့်ပါ။
28 သင်နေမကောင်းဖြစ်နေလျှင်သင့်သူငယ်ချင်း(သို့)တစ်စုံတစ်ဦးကသင့်တာဝန်တွေကိုလုပ်ဆောင်ပါလိမ့်မယ်။(ကိုယ်ကျန်းမာမှာစိတ်ကျန်းမာမည်)
29 အသုံးမ၀င်တော့တဲ့အရာတွေကိုအမြန်ဖယ်ရှားပါ။လှလှပပနဲ့ပျော်ရွှင်အောင်နေပါ။
30 မနာလိုဝန်တိုခြင်းဆိုတာအချိန်ဖြုန်းနေတဲ့နည်းတစ်ခုပါ။အမှန်တော့အရာအားလုံးကိုသင်ပိုင်ဆိုင်ထားပြီးပြီဆိုတာကိုသတိရပါ။
31 မကြာမီအကောင်းဆုံးတွေသင့်ထံရောက်လာတော့မယ်ဆိုတာသိပါ။
32 ခံစားမှုတွေများလို့မပြိုလဲသွားပါနဲ့။အမြန်ထအမြန်ပြင်ဆင်ပြီးလန်းဆန်းတက်ကြွစွာနေပြပါ။
33 သင်မှန်တယ်ထင်တာတွေကိုတွေးပြီးလုပ်ပါ။
34 မကြာခဏမိသားစုနဲ့ဝိုင်းဖွဲ့ပြီးစကားပြောပါ။
35 သင့်ရဲ့အတွင်းစိတ်ကိုအမြဲပျော်ရွှင်အောင်ထားပါ။
36 နေ့စဉ်တစ်စုံတစ်ယောက်ဆီကိုပုံမှန်လက်ဆောင်ပေးပါ။(ငွေ၊အရာဝတ္တု၊စကား)
37 အလုပ်ထဲအတိုင်းအတာတစ်ခုအထိပဲအနစ်မွန်းခံပါ။
38 သင်သိသမျှပတ်ဝန်းကျင်ကိုမျှဝေပါ

အိမ်မက်မဟုတ်သော အဖြစ်အပျက်

Posted on 4:46 PM by *_*Ken*_* | 0 ထင်မြင်ချက်လေးတွေပါ

မ..
စွန့်လွတ်လိုက်ပါ ဆိုတဲ့ စကားဟာ
မ နုတ်ဖျားက လွတ်ကျလာတဲ့ စကားမဟုတ်ဘူး...

မ အချစ်ဆိုတာလိမ်ညာဘို့
နလုံးသားက ထွက်ကျလာတဲ့ ခံစားချက်လာ..

မ မရဲ့နာမည် အော်ခေါ်တာများလို့
ရင်ဘတ်တစ်ခုလုံး ပြည့်နက်နေပြီ....

မ တစ်ရေနိုး ထပ်ကြည့်ရတဲ့ မရဲ့ပုံ
ဦးနှောက်တစ်ခုလုံး စွဲထင်ကျန်နေပြီ...

မ သတိယလွန်းလို့တစ်ယောက်တည်
မျက်ရည်တွေကျတာ မျက်ဝန်းတစ်ခုလုံး ရီဝေနေပြီ...

မ အချိန်တိုင်း လွမ်းလွန်းလို့
အခန်းကျဉ်ထဲမှာ မျှော်နေတာ မိုးလင်းပေါင်းများလှပြီး..

ကမ္ဘာမြေရဲ့ တစ်နေရာမှာ ပြန်ဆုံမယ်.....

ဘဝမှာ အရမ်းချစ်မိနေသူ တစ်ယောက်အကြောင်း

Posted on 10:19 AM by *_*Ken*_* | 0 ထင်မြင်ချက်လေးတွေပါ

တစ်ခါမှ မခံစားဘူးတဲ့ အချစ်..
တစ်သက်လုံးဆုံရှုံးမှာ မခံစားနိုင်ဘူး..
မမ..
ကျွန်တော်ပြောနေတာ ကြားခဲ့ရင်
ပြန်လာပါတော့..
ကျွန်တော်အချစ်ဟာ မမ နဲ့မထိုက်တန်တာလာ?
မမအချစ်ဟာ ကျွန်တော် နဲ့မထိုက်တန်တာလာ?
အဖြေသာရှိနေပြီး ပုစ္ဆာမရှိတဲ့ မေးခွန်ဟာ အချစ်တဲ့လာ.
ပြောပါ မမ...
နီးနေခြင်း ကွာဝေးခြင်းဟာ အချစ်နဲ့ ဘာဆိုင်တာလဲ..
တောင်ပန်းပါတယ်...
မမ ဟာကျွန်တော်ရဲ့ အချစ်ဆုံးပါ...

အလွမ်းရဲ့ ကွဲးရှသံစဉ်

Posted on 5:57 PM by *_*Ken*_* | 0 ထင်မြင်ချက်လေးတွေပါ

မမ
အေးမြမြ စကားလုံးတွေဟာ်း
ပူလှောင်းခြင်း နိမိတ်တွေလား...
ချစ်တယ်ဆိုတဲ့ စကားလုံးတိုင်းဟာ
မမ အတွက် အဆိပ်မရှိတဲ့ မြားလာ..
ဒီထက်ပိုပြီး မမကိုချစ်ပါရစေ...
ဝေးခြင်း နီးခြင်းဟာ
မ နဲ့ ကျွန်တော်ကြားက
ဖြတ်မျဉ်းလာ....
ချစ်တယ်ဆိုတာ ဘဝရဲ့ ရှုံနိမ့်မှုလာ..
တမ်းတမိတဲ့ လက်ကလေး ကမ်းလင့်ပါ မ


you were my everthing

Posted on 8:44 AM by *_*Ken*_* | 0 ထင်မြင်ချက်လေးတွေပါ





Shadow of the day

Posted on 12:35 PM by *_*Ken*_* | 0 ထင်မြင်ချက်လေးတွေပါ

One More Try

Posted on 12:28 PM by *_*Ken*_* | 0 ထင်မြင်ချက်လေးတွေပါ

Posted on 12:25 PM by *_*Ken*_* | 0 ထင်မြင်ချက်လေးတွေပါ

အဖြေမဲ့ နိဂုံး

Posted on 5:46 PM by *_*Ken*_* | 0 ထင်မြင်ချက်လေးတွေပါ

ချစ်သူ........
မေ့ပစ်ဖို့ တစ်ကြိမ်ကြိုးစားတိုင်
မင်းကို အဆတစ်ရာပိုသတိယတယ်

ချစ်သူ.................
စွန့်ပစ်ဖို့တစ်ကြိမ်ကြိုးစားတိုင်
မင်းကို ထာဝရပိုင်ဆိုင်ချင်တယ်

ချစ်သူ.............
မုန်းပစ်ဖို့တစ်ကြိမ်ကြိုးစားတိုင်
မင်းကို အသက်ထက်ဆုံး ချစ်သွားမိတယ်

ချစ်သူ........
နောက်ဆုံးတော့ သေချာတာရှိတယ်
မင်းကို နောက်ဆုံးထွက်သက်အထိ ချစ်သွားမယ်

အလွမ်းမဲ့နိဂုံး

Posted on 5:02 PM by *_*Ken*_* | 0 ထင်မြင်ချက်လေးတွေပါ

ငါသိနေတယ်
မင်းပါစပ်က ထွက်ကျလာတဲ့
ထင်ရာမဲ့ စကားလုံ:တွေ
ရေဆန်စီးသလို.........
မင်းရင်ထဲးက ရေခဲမြစ်
အလွမ်းတွေစီဝင်ဆဲပါ
အရိပ်တစ်ခုလို အမြဲကပ်လိုက်နေတဲ့
မင်းအနားက ငါ့ဝိညာဉ်
တစ္ဆေတစ်ကောင်လို ချောက်လှန့်မြဲပါ
မင်းပေးလိုက်တဲ့ အလွမ်းမဲ့ဒဏ္ဏရီ
အခုတော့ပြဇာတ်တစ်ပုဒ်လို
ကဲ......မိန်းခလေးရေ.....နှစ်ချို့ဝိုင်လေးတွေကို
ကျေးဇူးပြုပြီး အကုန်သောက်သုံးသွားပါ.
ငါ့အတွက်မထားခဲ့ပါနဲ့။ ။
write by mine mine

ယောက်ျားတွေ ဘာလို့ ညာကြတာလဲ ?

Posted on 5:44 PM by *_*Ken*_* | 0 ထင်မြင်ချက်လေးတွေပါ

ယောက်ျားတွေ ဘာလို့ ညာကြတာလဲ ?

တစ်နေ့ မှာ သစ်ခုတ်သမားတစ်ယောက်ဟာ မြစ်ကမ်းထက်နားက သစ်ပင်တစ်ပင်ရဲ့ အကိုင်းကို အားရပါးရ ခုတ်နေ ပါတယ် ။အဲ....အဲလိုခုတ်နေရင်းနဲ့ သူ့ ရဲ့ လက်စွဲတော် ပုဆိန်ဟာ မြစ်ထဲကို ပြုတ်ကျသွားပါလေရော။ သူလဲ ဘာလုပ်ရမှန်းမသိတော့တာနဲ့ ပဲ မြစ်ကမ်းနဖူးမှာ ထိုင်ငိုနေမိတယ်။အဲဒီအချိန်မှာ မြစ်ကို စောင့်တဲ့ နတ်မင်းကြီးပေါ်လာပြီး သစ်ခုတ်သမားကို အခုလိုမေးသတဲ့ ။

"အသင် ဘာကြောင့် ငိုနေရတာလဲ ?"

"ကျွန်တော်မျိုး ရဲ့ ပုဆိန် မြစ်ထဲကို ကျသွားလို့ ပါ အရှင် ။ ပုဆိန်မရှိ ပဲကျွန်တော်မျိုးဘယ်လို အလုပ် ဆက်လုပ်ရ ပါ့မလဲ "လို့ သစ်ခုတ်သမားက ပြန်ဖြေတယ် ။
နတ်မင်းကြီးဟာ ရေထဲကို ပျောက်ကွယ်သွားပြီး ရွှေပုဆိန်တစ်လက် နဲ့ အတူ ပြန်ပေါ်လာပါတယ်။ပြီးတော့ သစ်ခုတ်သမားကို မေးတယ်။

"ဒါ သင်၏ ပုဆိန်လား ? "
"မဟုတ်ပါဘူး အရှင်" သစ်ခုတ်သမားက ပြန်ဖြေတယ်။

နတ်မင်းကြီးဟာ ရေထဲကို ပျောက်ကွယ်သွားပြီး ငွေပုဆိန်တစ်လက် နဲ့ အတူ ပြန်ပေါ်လာပြန် ပါတယ်။

"ဒါ သင်၏ ပုဆိန်လား ? "
"ဒါလဲ မဟုတ်ပါဘူး အရှင်" သစ်ခုတ်သမားက ထပ်ဖြေတယ်။

နောက်တစ်ကြိမ် နတ်မင်းကြီးဟာ ရေထဲကို ပျောက်ကွယ်သွားပြီး သံပုဆိန်တစ်လက် နဲ့ အတူ ပြန်ပေါ်လာပြန် ပါတယ်။

"ဒါ သင်၏ ပုဆိန်လား ? "
"ဟုတ်ပါတယ်" သစ်ခုတ်သမားက ၀မ်းသာအားရ နဲ့ ဖြေတယ် ။

နတ်မင်းကြီးဟာ သစ်ခုတ်သမားရဲ့  ရိုးသားမှု ကို နှစ်သက်ကျေနပ်သွားပြီး ပုဆိန် (၃) လက်လုံးကို ပေးလိုက်တဲ့ အခါ သစ်ခုတ်သမားလည်း ၀မ်းသာအားရနဲ့  အိမ်ကို ပြန်သွားပါတော့တယ် ။







သိပ်မကြာတဲ့ ကာလတစ်ခုမှာ သစ်ခုတ်သမားဟာ သူ့ ရဲ့ ဇနီး နဲ့ အတူ မြစ်ကမ်းနဘေးကို လမ်းလျှောက်ထွက် လာခဲ့ပါတယ်။မမျှော်လင့်ပဲ သူ့ ရဲ့ မိန်းမဟာ မြစ်ထဲကို ခြေချော်ပြီး ပြုတ်ကျသွားပါရော ။ ဒီတစ်ခါလည်း ဘာလုပ် ရမှန်းမသိ ငိုနေတဲ့ အတွက် မြစ်စောင့်နတ်မင်းကြီးဟာ ပေါ်လာပြန်တယ်။

"ဟယ်... မောင်မင်း ဘာဖြစ်လို့ ငိုနေရပြန်တာတုန်း?"

" ကျွန်တော်မျိုးရဲ့  မိန်းမ မြစ်ထဲကို ပြုတ်ကျသွားလို့ ပါ ။မိန်းမ မရှိပဲကျွန်တော်မျိုး ဘယ်လိုလုပ် အဲ...ဘယ်လိုလုပ် ရပါ့မလဲ "

နတ်မင်းကြီးဟာ ရေထဲကို ပျောက်ကွယ်သွားပြီး "မိုးဟေကို" နဲ့ အတူ ပြန်ပေါ်လာပါတယ်။ပြီးတော့ သစ်ခုတ်သမားကို မေးတယ်။

"ဒါ သင်၏ မိန်းမ လား ? "
"ဟာ...ဟုတ်ပါတယ်" အော်ပြီးတော့ကို သစ်ခုတ်သမားက ပြန်ဖြေလိုက်တယ် ။
နတ်မင်းကြီးဟာ ဒေါသအလွန်ထွက်သွားပြီး ပြောတယ်-
"မင်း ညာတယ် ။ ဒါဟာ လိမ်လည်မှုပဲ "

"အိုး....ခွင့်လွှတ်ပါ အရှင်။ ဒါဟာ အထင်လွဲမှားမှု တစ်ခုပါ ။ ကျွန်တော်မျိုးရှင်းပြ ပါရစေ။ တစ်ကယ်လို့  ကျွန်တော် မျိုးက "မိုးဟေကို" ကိုမဟုတ်ပါဘူးလို့  ငြင်းခဲ့မယ်ဆိုရင် အရှင်က "သင်ဇာဝင့်ကျော်" နဲ့ အတူ နောက်တစ်ကြိမ် ပေါ်လာဦးမယ် ။အဲ ကျွန်တော်မျိုးက မဟုတ်ပါဘူး ထပ်ပြောမှအရှင်က ကျွန်တော်မျိုး မိန်းမ ကို ခေါ်ပြီးပေါ်လာမယ် ။ အဲဒီ အခါကျ ကျွန်တော်မျိုးက "ဟုတ်ပါတယ်" ဆိုရင် အရှင်က သဘောကျပြီး (၃) ယောက်လုံး ကျွန်တော်မျိုးကို ပေးပါတော့မယ် ။ နတ်မင်းကြီးရယ်...ကျွန်တော်က ဆင်းရဲတဲ့ သစ်ခုတ်သမားလေး ပါ ။ ဘယ်လို လုပ်ပြီး မိန်းမ (၃)ယောက်ကို ဂရုတစိုက် လုပ်ကိုင်ရှာဖွေ ကျွေးနိုင်ပါ့မလဲ ။ ဒါဆိုရင် ကျွန်တော်ဘာ ကြောင့် လိမ်ညာရတယ် ဆိုတာ အရှင်သဘောပေါက်မယ် ထင်ပါတယ် "


......................................................

Posted on 1:43 PM by *_*Ken*_* | 0 ထင်မြင်ချက်လေးတွေပါ

သံယောဇဉ်တွယ်မြစ် မရှိတဲ့
အချစ်သစ်ပင်ဆိုတာ
ဝေးကွာခြင်းလေပြင်း တိုက်ခတ်လာရင်
ဆက်ပြီးရှင်သန်ဖို့ဆိုတာ
မဖြစ်နိုင်ဘူး.............
မင်းအတွက် ကိုယ့်ရဲ့အချစ်က
ထာဝရလိုရည်စူးခဲ့ပေမဲ့
အစတည်းက မရေရာ
မာနဆိုတာကတစ်မျိုး
ပွင့်လင်းရိုးသားခြင်းနထ္ထိ
( ကြည်နူးခြင်း မရှိသလို)
ဟန်ဆောင်ခြင်းတွေသာ ပြည့်နေပြီး
အချစ်ဆိုတာကို လှည့်စားခြင်းလို့
သဘေားထား...
မင်းစိမ်းကားခဲ့တယ်နော်
ကိုယ့်ရဲ့ နလုံးသားဟာ
ဝေဒနာ(ဖြစ်တစ်လဲ) ကြေကွဲမှု့
တွေကို ထွေးပိုက်
အလွမ်းတွေ အခြေစိုက်ရာဌာန
တစ်ခုဖြစ်ခဲ့ပေမဲ့
မင်းအတွက်ဆိုရင် ပေးဆပ်ခြင်းလို့
သဘေားထား ဖြေသာခဲ့ပါတယ်
မင်းပျော်မယ်ဆိုရင်ပေါ့ ။ ။

ပစ်မှတ်

Posted on 1:34 PM by *_*Ken*_* | 0 ထင်မြင်ချက်လေးတွေပါ












ငါဟာ
လမ်းလျှောက်ရင်း
လမ်းပျောက် နေတာလာ?
လမ်းပျောက်ရင်း
လမ်းလျှောက်နေတာလာ?

ပြောစရာ စကားလုံး မရှိတော့ဘူး

Posted on 6:40 PM by *_*Ken*_* | 0 ထင်မြင်ချက်လေးတွေပါ

စာမရေး ရတာကြာပြီး... ဘာရေးရမလဲး စဉ်းစားရင် သူငယ်ချင်းတစ်ယောက်ရဲ့ အဖြစ်ကိုသွား သတိယမိတယ်။ ကျွန်တော် သူငယ်ချင်းတစ်ယောက်ပြေားပြတာပါ။
အဖြစ်ကဒီလိုဗျ.... နိုင်ငံခြားမှာအလုပ်သွားလုပ် တဲ့ သူငယ်ချင်းတစ်ယောက်က တစ်နေ့ ည ၂း၀၀ လောက် ဘောလုံးပွဲးသွားကြည့်ရန် condo အောက်ဆင်းရာ security ဘယ်သွားမှာလည်းမေးရာ သူငယ်ချင်းက ဘောလုံးပွဲးသွားကြည့်မယ်လို့ပြောရာ ဘေးနား negro တစ်ယောက်က မိမိလည်သွားမယ်ပြောရာ သူတို့နှစ်ယောက် အတူတူ လမ်းလျှောက်လာရင် negro က ပခုံဖက်ကာ ဘယ်နိုင်ငံသာလဲလို့မေးရာ thai ကလာကြောင်းပြောရာ negro ကဘာမှမပြောပဲ လမ်းဆက်လျှောက်နေတယ်။ ဒါပေမယ့် သူငယ်ချင်းက thai က မဟုတ်ကြောင်း မြန်မာ ဖြစ်ကြောင်း ပြောတာနဲ့ လက်ကိုရုပ်လိုက်ပြီး ဖုန်းမလာဘဲ ဖုန်းပြောသလိုလို နဲ့ နောက်မှာကျန်ခဲ့တယ်။
အစတော့ သူငယ်ချင်းက စိတ်တိုမိတယ်။ ဒါပေမယ့် မြန်မာနိုင်ငံသာ ဖြစ်လို့ ဒီလိုအဆက်ဆံခံရတာ ဝမ်းနည်းမိကြောင်း ကျွန်တော်ကိုပြောပြတယ်။ ကျွန်တော်ကိုယ် ကျွန်တော် မေးခွန်းထုတ်မိတယ်။်မြန်မာနိုင်ငံသာဖြစ်ရတာ ဂုဏ်ယူရမှာလား ? ဝမ်းနည်းရမှာလား?



ွ်

တောင်ပေါ်ဒေသနာ

Posted on 5:01 PM by *_*Ken*_* | 0 ထင်မြင်ချက်လေးတွေပါ

Blessed are the poor in spirit,
For theirs is the kingdom of heaven.
Blessed are those who mourn,
For they will be comforted.
Blessed are the meek,
For they will inherit the earth.
Blessed are those who hunger and
thirst for righteousness,
For they will be filled.
Blessed are the merciful,
For they will be shown mercy.
Blessed are the pure in heart,
For they will see God.
Blessed are the peacemakers,
For they will be called sons of God.
Blessed are those who are
persecuted because of righteousness,
For theirs is the kingdom of heaven.

FOr YOu

Posted on 5:49 PM by *_*Ken*_* | 0 ထင်မြင်ချက်လေးတွေပါ

သင့်ကို အမှန်ပြောစေချင်ရင်.............သူတစ်ပါးကို လိမ်းမပြောနဲ့။
အကောင်းပြောစေချင်ရင်..................အတင်းအဖျင်း မပြောနဲ့။
ချီးမွန်းစေချင်ရင်.................................မကဲ့ရဲ့နှင့်။
အကူအညီပေးစေချင်ရင်....................လျစ်လျူမရှူနဲ့။
ကျေးဇူးပြုစေချင်ရင်..........................မတွန့်တိုနှင့်။
ဂရုစိုက်စေချင်ရင်.............................ဥပေက္ခာမပြုနှင့်။
ဦးစားပေးစေချင်ရင်.........................မထောင်လွား၊မစော်ကားနဲ့။
အကောင်းဆုံးပေးစေချင်ရင်............မကောင်းတာမပြောနဲ့။
အပေါ်ဆုံးမှာနေရာပေးစေချင်ရင်...ခုတုံးလုပ်တက်မနင်းနဲ့။
သစ္စာရှိရှိ ပေါင်းသင်းစေချင်ရင်.......နိုင်လိုမင်းထက်မပြုနဲ့။
နူးညံ့သိမ်မွေ့စွာဆက်ဆံစေချင်ရင်..မရိုင်းစိုင်း၊ မမောက်မာနဲ့။
ယုံကြည်အားကိုးစေချင်ရင်............ပျက်ရယ်မပြုနဲ့။
တည်တည်တံ့တံ့ ပေါင်းသင်းစေချင်ရင်..မထီမဲ့မြင် မပြုနဲ့။
ဆည်းကပ်စေချင်ရင်.................နေရာတကာသြဇာမပေးနဲ့။ ။ ။

My LORD

Posted on 4:34 PM by *_*Ken*_* | 0 ထင်မြင်ချက်လေးတွေပါ

"Our Father in heaven,
hallowed be your name,
your kingdom come,
your will be done
on earth as it is in heaven.
Give us today our daily bread.
Forgive us our debts,
as we also have forgiven our debtors.
And lead us not into temptation
but deliver us from the evil me"
Amen

တောင်းတချက်

Posted on 7:45 AM by *_*Ken*_* | 0 ထင်မြင်ချက်လေးတွေပါ

ထိုင်နေရင်း ခလုတ်တိုက်နေတဲ့ ငါ
မင်းအတွက်ဆို
မာရသွန်ပြေးပွဲတောင် ဝင်ခဲ့တာပါ
ဒါတောင်မှ ( သက်ရောက်မှုှုှုရှိခဲ့ပေမယ့်)
မိုးလင်းက မိုးချုပ်တိုင်း
ရာသီဥတုက မသာယာခဲ့ဘူး။
ပျိုးမထောင်ဘဲ
ပေါက်ဖွားခဲ့တဲ့ကောက်ပင်တွေ
တန်ပြန်သက်ရောက်မှုက
ပိုးစိုးပက်စက်နဲ့မသတီစရာ
ချစ်ရသူရေ............
မင်းနဲ့ပတ်သက်လာရင်
ငါဟာ ရွက်ဆုတ်ပြက္ခဒိန်ကိုပဲ
မြတ်နိုးတွယ်တာမိတယ်
< တောင်တမိတယ်>
နှစ်တစ်ရာပြက္ခဒိန်ကြီးကို

မီးရှိုးလို့ရရင် ရှိုပစ်ချင်ရဲ့

အလင်းသစ်

Posted on 6:36 AM by *_*Ken*_* | 0 ထင်မြင်ချက်လေးတွေပါ

မိုးနံ့ လေနံ့လေးရတာနဲ့
အလွမ်းတွေခုတ်မောင်းဝင်လာတယ်။
ဘယ်နေရာကို ကြည့်လိုက်ကြည့်လိုက်
တစ်ယောက်တည်းဆိုတဲ့အသိက
အလွမ်းလေးကို ပိုထန်းစေတယ်။
ချစ်ရသူရေ.........
ငါ့ရဲ့အလွမ်းတွေ
နင့်ဆီမှာ အသံမြည်ဖို့
ဘယ်ကြိုးကို ဆွဲးရပါ့မလဲ။
တိတ်တိတ်ကလေး ရောက်လာမလားလို့
မိုးရဲ့ခြေသံတွေနဲ့အတူ
နင့်ခြေသံကို
ငါနားစွင့်နေမိတယ်
ဒီလိုနဲ့ပဲ.............
ဟောဒီရင်မြေမှာ
နင်မြတ်နိုးတဲ့ စံပယ်လေးတွေ
နောက်တစ်ခါ ပွင့်ရပြန်ပြီးပေါ့

သက်မဲ့နလုံးသား

Posted on 3:18 PM by *_*Ken*_* | 0 ထင်မြင်ချက်လေးတွေပါ

















ူမြတ်လေး
ဗလာမဲ့တဲ့ခန္ဒာ
ဒုက္ခဆိုတဲ့ခြေတစ်စုံနဲ့
ပူလောင်ခြင်းအတွက်စတေးမှုဟာ
ငါ့တစ်ယောက်ထဲအတွက်များဖြစ်နေမလား....
အချစ်ဆိုတာ ခိုလှုံခြင်းလား
မျှော်လင့်ခြင်းလား
ဥပေက္ခာပြုခြင်းလား
ရယူခြင်းလား
စွန့်လွတ်ခြင်းလား
သူတို့ပြောတော့ အသဲးကွဲတယ်တဲ့
မြတ်လေး.....သိလား
အသဲးကွဲတယ်ဆိုတာ ကျုပ်နဲ့မထိုက်တန်ဘူး
ကျရှုံးခြင်းဆိုတာ ပိုပြီးသင့်တော်တယ်

့ငါ့ကိုယ်ငါ လိမ်ညာနေတာလား
မထီမဲ့မြင်ပြုနေတာလား
တကယ်တော့ ငါဟာ အနတ္တလူပါကွာ.....

ထွက်သက်

Posted on 4:03 PM by *_*Ken*_* | 0 ထင်မြင်ချက်လေးတွေပါ



















ခံစားလို့မကောင်းတဲ့အရာတွေထဲမှာ
အချစ်ဟာအဓိကတရာခံလာ?
နလုံးသားရဲ့အလိုက်သင့်ကြိမ်နုန်းတွေက
မမြင်နိုင်တဲ့သံယောဇဉ်တွေကို
ဖက်တွယ်နေမိတယ်................
အချစ်ဆိုတာ စိတ်ကူးယဉ်ခြင်းလား
ဒါမှမဟုတ် ဖန်တီးရယူခြင်းလား
မြတ်လေး....... မင်းမရှိတဲ့ငါ့ရင်ခွင်ဟာ
တစ်ခြားတစ်ယောက်အတွက်
နေရာမရှိတော့ဘူး
အချစ်မပါတဲ့ ဘဝခရီးလမ်းမှာ
်မျော်လင့်ချက်တစ်ခုဖမ်းဆုပ်ရန်
ငါ့အတွက်ရှင်သန်ခွင့်ပေးပါ မြတ်လေး...
တစ်နေ့နေ့မှာ မင်းနဲ့ဒို့ ဆုံခွင့်ပေးပါ