အလင်းသစ်

Posted on 6:36 AM by *_*Ken*_* | 0 ထင်မြင်ချက်လေးတွေပါ

မိုးနံ့ လေနံ့လေးရတာနဲ့
အလွမ်းတွေခုတ်မောင်းဝင်လာတယ်။
ဘယ်နေရာကို ကြည့်လိုက်ကြည့်လိုက်
တစ်ယောက်တည်းဆိုတဲ့အသိက
အလွမ်းလေးကို ပိုထန်းစေတယ်။
ချစ်ရသူရေ.........
ငါ့ရဲ့အလွမ်းတွေ
နင့်ဆီမှာ အသံမြည်ဖို့
ဘယ်ကြိုးကို ဆွဲးရပါ့မလဲ။
တိတ်တိတ်ကလေး ရောက်လာမလားလို့
မိုးရဲ့ခြေသံတွေနဲ့အတူ
နင့်ခြေသံကို
ငါနားစွင့်နေမိတယ်
ဒီလိုနဲ့ပဲ.............
ဟောဒီရင်မြေမှာ
နင်မြတ်နိုးတဲ့ စံပယ်လေးတွေ
နောက်တစ်ခါ ပွင့်ရပြန်ပြီးပေါ့

0 ထင်မြင်ချက်လေးတွေပါ:

Post a Comment