......................................................

Posted on 1:43 PM by *_*Ken*_* | 0 ထင်မြင်ချက်လေးတွေပါ

သံယောဇဉ်တွယ်မြစ် မရှိတဲ့
အချစ်သစ်ပင်ဆိုတာ
ဝေးကွာခြင်းလေပြင်း တိုက်ခတ်လာရင်
ဆက်ပြီးရှင်သန်ဖို့ဆိုတာ
မဖြစ်နိုင်ဘူး.............
မင်းအတွက် ကိုယ့်ရဲ့အချစ်က
ထာဝရလိုရည်စူးခဲ့ပေမဲ့
အစတည်းက မရေရာ
မာနဆိုတာကတစ်မျိုး
ပွင့်လင်းရိုးသားခြင်းနထ္ထိ
( ကြည်နူးခြင်း မရှိသလို)
ဟန်ဆောင်ခြင်းတွေသာ ပြည့်နေပြီး
အချစ်ဆိုတာကို လှည့်စားခြင်းလို့
သဘေားထား...
မင်းစိမ်းကားခဲ့တယ်နော်
ကိုယ့်ရဲ့ နလုံးသားဟာ
ဝေဒနာ(ဖြစ်တစ်လဲ) ကြေကွဲမှု့
တွေကို ထွေးပိုက်
အလွမ်းတွေ အခြေစိုက်ရာဌာန
တစ်ခုဖြစ်ခဲ့ပေမဲ့
မင်းအတွက်ဆိုရင် ပေးဆပ်ခြင်းလို့
သဘေားထား ဖြေသာခဲ့ပါတယ်
မင်းပျော်မယ်ဆိုရင်ပေါ့ ။ ။

0 ထင်မြင်ချက်လေးတွေပါ:

Post a Comment