မာတိကာမဲ့ ဒဏ်ယာ

Posted on 1:43 AM by *_*Ken*_* | 0 ထင်မြင်ချက်လေးတွေပါ

ဆုံမှတ်မရှိတဲ့ လမ်းတစ်ခုကို
မင်းနဲ့ငါ မထင်မှတ်ပဲလျှောက်လှမ်းကြတယ်...
.....
နာကျင်မှုတွေနဲ့ ဇာတ်သိမ်းခန်းတွေ
အဆုံးသတ်မယ် ဆိုတာသိလျက်နဲ့
အချစ်တွေကို ရင်မှာထွေးပိုက်
ရင်ခုန်သံရဲ့ ဖျားယောင်မှုကိုလိုက်ပြီး
မှားယွင်းမှုတွေကို ကျူးလွန်ကြတယ်...............
ချစ်သူ...................
တစ်ခါတစ်ရံ လွန်လွန်ကြူးကြူး သတိယမိ သလို
ပျက်ယွင်းနေတဲ့ ရေတွင်းပျက်ရဲ့ နှုတ်ခမ်းဝမှာ
တစ်စုံတစ်ခုပြောဖို့ ငါ ခွန်အားမဲ့နေပြီး
တွယ်တာစရာမဲ့တဲ့ ငါ့ရဲ့ ဖြစ်တည်အသက်ရှင်မှုဟာ
မင်းဟာ ငါ့အအတွက်
စမ်းရေလာ? အဆိပ်လာ?
ငါ မဝေခွဲတတ်ဘူး.........
မပြီးဆုံးနိုင်တဲ့ အိမ်မက်ကို
ငါဘယ်လောက်အထိ ဖက်တွယ်နေမှာလဲ?
ကျေးဇူးပြုပြီးတော့
ငါ့ကို ဒဏ်ယာအထပ်ထပ်နဲ့
အသက်ရှင်ခွင့်ပြုပါ ချစ်သူ..........

--
လင်းထွဋ်(၅း ၈ . ၂၀၀၉)

0 ထင်မြင်ချက်လေးတွေပါ:

Post a Comment