ဂျစ်ပစီ
ီ
-- ကိုယ့်လက်ခုပ်ထဲပြန်ကြည့်မိတော့မှ
အလွမ်းက တစ်ပွင့် နှစ်ပွင့်....နဲ့ခြောက်ကပ်
ငါ...ရေငတ်လာတယ်။
တေလေလို ရွက်လွှင့်နေခဲ့ရာက
ငါ့ဝိဥာဉ်ရဲ့ကျောက်ဆူးကိုချ
ဒီညတော့
မင်းရင်ခွင်ထဲမှာပဲ စိတ်ချလက်ချ
.......အိပ်စက်ပါရစေ။
ကောင်မလေးရယ်
ငါက ဖျားနာမှုကိုမှ တွယ်တာတတ်သူပါ....။
တစ်စုံတစ်ခုဖြစ်လာမှာကို ငါစောင့်မျှော်နေမိ၊
......တံခါးဖွင့်သံ
........ခြေသံ
လာ၊ မြန်မြန်သာ ဝင်ခဲ့ပါတော့။
လူ ၈ဝ% ကအလုပ်လုပ်တယ်၊
ဒါပေမယ့်၊ ကျန်တဲ့လူ၂ဝ%က ဆုရတယ်
ငါကတော့
သူတို့ကို ရယ်ရယ်မောမောနဲ့သာ ထိုင်ကြည့်မိ
သွေးအေးအေး ရက်စွဲတွေကိုသာ အသိအကျွမ်းဖွဲ့နေခဲ့တယ်…။
ကောင်မလေးရယ် ...
ငါဟာ “တေလေ” ပါ။
ဆောင်းဦးပေါက်နှင်းတွေနဲ့
ကောင်းကင်မှာ တိမ်တွေက အပြာနုနု
ဟော......
အရပ်ပုပု ကောင်မလေးတစ်ယောက် လမ်းလျှောက်လာနေတယ်၊
အို....... မဟုတ်သေးပါဘူး
ကယောင်ကတမ်းနဲ့ အရောင်ကန်းတဲ့ အိပ်မက်တွေ ငါမက်နေမိ၊
ချစ်လှစွာသော...... ငါရဲ့ညီမသေးသေးလေးရေ
........လွမ်းတယ်၊
........ ဒါပဲ တတ်နိုင်တာမို့ လွမ်းပါရစေ။
မင်းခိုက်စိုးစံ
(ညီမအတွက်အရမ်းကြိုက်လို့ပါ)

0 ထင်မြင်ချက်လေးတွေပါ:
Post a Comment