နူနာစွဲးသော ဘဝပဲ့တင်သံ

Posted on 4:58 PM by *_*Ken*_* | 0 ထင်မြင်ချက်လေးတွေပါ

ကျုပ်တို့ရဲ့ခေတ်မှာ
အမှန်တရားအတွက်
ယုံကြည်မှုတွေ
လှောင်အိမ်မှာသွင်း
သစ္စာတရားကို မှန်ဘောင်ခတ်
မုန်းတီးမှုတွေ
ပျိုးပင်ထောင်ကာ
အညှိုးအတေးအတွက်
အသက်ပေါင်းများစွားကို
စတေးခိုင်းကြတယ်...
မေတ္တာမဲ့နေတဲ့ခေတ်မှာ
ကျုပ်လူဖြစ်လာတယ်
သံသရာရဲ့အစွန်းတစ်ဖက်မှာ
ဘဝတစ်ခုကောင်းစားဖို့
သန္ဓေများစွာ ချုပ်ငြိမ်းရတယ်
ရင်နာလိုက်တာ...
ဒီကမ္ဘာမြေကို
ဘာကြောင့်များ
အကြင်နာတွေ
မပက်ဖျန်းပေးတာလဲ
???

0 ထင်မြင်ချက်လေးတွေပါ:

Post a Comment