သတ်ပုံမှားသော ငါ့ရဲ့မနက်ခင်း

Posted on 6:27 PM by *_*Ken*_* | 0 ထင်မြင်ချက်လေးတွေပါ

တွေးမဆုံးသော
အချစ်ဆုံးတစ်ယောက်ရဲ့
နွေးထွေးမှုပေးမယ်လို့ထင်ခဲ့တဲ့
လက်တစ်စုံနဲ့
အသက်ထက်မက
ချစ်သွားမယ်လို့
ဆုံးဖြတ်ချက်ချခဲ့တဲ့
ငါ့ရဲ့ ကိုယ်ရေးရာဇဝင် စာမျက်နှာမှာ
အယောင်ယောင် အမှားမှား
လဲပြိုခဲ့ရပြီး မိန်းကလေးရေ..
ပျက်သုန်းသွားမယ်လို့
မမျှော်လင့်ခဲ့ဘူး
ဆက်ချစ်သွားမယ်လို့
ယုံကြည်ခဲ့တယ်
အိမ်မက်တစ်ခုရဲ့
ညအမှောင်လမ်းဟောင်းလေးဟာ
ခါးသီးမှုတွေက အတိ
ကံကြမ္မာရယ်
ဘယ်အခါမှ
ငါ့ကိုသိမ်ငယ်မှုတွေ
ထပ်မပေးပါနဲ့လာကွာ...

0 ထင်မြင်ချက်လေးတွေပါ:

Post a Comment